လာပြန်ပြီ အနောက်တောင်မုတ်သုံလေတဲ့

Anonymous | 12:40 AM |

မေလ(၁၁)ရက်မှ (၂၀)ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအရပ်ရပ်သို့ စတင်ဝင်ရောက်ရာ၌ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့ မေလဒုတိယ (၁၀)ရက်ပတ်(၁၁ရက်မှ၂၀ရက်)၊ မြစ်ဝကျွန်းပေါ်ဒေသများသို့ မေလတတိယ (၁၀)ရက်ပတ်(၂၁ရက်မှ၃၁ရက်)၊ အလယ်ပိုင်းဒေသများသို့ မေလကုန်ပိုင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့ ဇွန်လဆန်းပိုင်းတွင် အသီးသီးဝင်ရောက်မည်ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံလုံးကို လွှမ်းခြုံဝင်ရောက်ပြီးနောက် ဇွန်လဆန်းတွင် မိုးဦးရာသီ စတင်မည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မိုးရာသီကာလမှာ ဇွန်၊ ဇူလိုင်၊ သြဂုတ်လများဖြစ်ပြီး စက်တင်ဘာနှင့် အောက်တိုဘာလတို့မှာ မိုးလွန်ကာလများ ဖြစ်သည်။ မိုးကြိုကာလဖြစ်သည့် ယခုအချိန်တွင် မုန်တိုင်းကို သတိပြုရန်လိုအပ်ပြီး မိုးဦးရာသီ ရောက်ရှိပါက မြန်မာနိုင်ငံအနေဖြင့် မုန်တိုင်းကို စိုးရိမ်ဖွယ်ရာ မရှိတော့ဟု ဆိုသည်။ မေလအတွင်းတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် (၁၃)ရက်မှ (၁၅)ရက်ခန့်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် (၈)ရက်မှ (၁၂)ရက်ခန့်နှင့် ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် ရက်သတ္တပတ်ခန့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ခန့်မှန်းထားသည်။ ပြီးခဲ့သည့် မေလ(၆)ရက်နေ့ ညနေပိုင်းတွင် မန္တလေးမြို့၌ ရုတ်တရက် မိုးသက်လေပြင်း ကျရောက်ခဲ့ပြီး ကြော်ငြာBillboardကြီးများ၊ သစ်ပင်များပြိုလဲခြင်း၊ လျှပ်စစ်ကြိုးနှင့် တယ်လီဖုန်းကြိုများ ပြတ်တောက်ခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုသို့ မိုးသက်လေပြင်း ကျရောက်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)အထိ မြင့်တက်ခဲ့ကာ လေငြိမ်သွားပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်းလည်း သိရသည်။

Ref: မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန, BiWeeklyEleven

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .