ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သတ်စွာ ဝမ်းနည်းခြင်းအထိမ်းအမှတ် အခမ်းအနားကျင်းပ

Anonymous | 1:49 AM |

မေလ ၃ဝ ရက်နေ့ ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့တွင် ဒီပဲယင်း ၆ နှစ်မြောက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆန္ဒပြပွဲကို နေ့ခင်း ၃ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ ထိုဆန္ဒပြပွဲတွင် ထူးထူး ခြားခြား ဆန္ဒပြသူများသည် ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် တိတ်ဆိတ်ငြိမ်သတ်စွာ ပန်းပွင့်များ၊ ပန်းခွေများကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြပါသည်။ လူအင်အား ၄ဝဝ ကျော် တက်ရောက်ခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ ဦးဆောင်ကာ ဆောင်ရွက်ပေးခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ အဖွဲ့ဝင်များအနေဖြင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် အပေါ်အဝတ်အစားအား အနက်ရောင်များ ဝတ်ဆင်ကာ တက်ရောက်ခဲ့ပါသည်။ ယခုနောက်ပိုင်း နိုင်ငံရေး လှုပ်ရှားမှုများတွင် အရင်ကထက် နိုင်ငံခြားသားများ၊ ဂျပန်လူမျိုးများပါဝင် အင်အားဖြည့်တင်းပေး နေသည်ကို တွေ့နေရပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .