လက်တလော သတင်းများ

Anonymous | 1:06 AM |

အင်းစိန်ထောင်ရှေ့ တွင် ယနေ့ မွန်းလွဲ ၁း၂၀ မိနစ်က ဆန္ဒပြ၍ အဖမ်းခံရသူသည် အသက် ၅၆ နှစ်အရွယ် လေတပ်အငြိမ်းစား ဗိုလ်ကြီး ဇော်ညွှန့် ဖြစ်သည်။
သူက ဆိုင်းဘုတ်ကိုင်ထားတယ်၊ ဆိုင်းဘုတ်မှာ အမေစုကို ကယ်ဖို့သင့်ပြီ ဆိုတဲ့ စာတန်း ပါတာကို မြင်လိုက် တယ်၊ အောက်မှာတော့ တခြားစာတွေလား မသိဘူးပါသေးတယ်၊ သူက လက်ကို မြှောက်ပြီး ပြနေတုန်း သူ့ကို ရဲနဲ့ အရပ်ဝတ် လုံခြုံရေးတွေက ချက်ချင်းဖမ်းသွားတာ တွေ့လိုက်တယ်”ဟု ဦးဇော်ညွှန့် အဖမ်းခံရသည်ကို မြင်တွေ့လိုက်ရသော လူငယ်တဦးက ပြောပြသည်။
ထိုသို့ ဆိုင်းဘုတ်ကိုင် ဆန္ဒပြချိန်မှာ မိနစ်ပိုင်းမျှသာ ကြာမြင့်လိုက်ပြီး လုံခြုံရေးရဲများက ဖမ်းဆီး၍ အင်းစိန်ဈေး အတွင်းသို့ ခေါ်သွားခဲ့ကြောင်း၊ ထို့နောက် ရဲကားဖြင့် ခေါ်ဆောင်သွားသည်ကို တွေ့ရကြောင်းလည်း သူက ပြော သည်။
အဆိုပါ ဆန္ဒပြသူ ဦးဇော်ညွှန့်သည် နိုင်ငံရေးပုဒ်မဖြင့် ထောင်ကျခံခဲ့ဖူးသူဖြစ်ကြောင်းနှင့် ၎င်းအား ဖမ်းဆီးပြီး နောက် အင်းစိန်ထောင်အနီးတွင်လုံခြုံရေးပိုမို တင်းကျပ်လာကြောင်း သိရှိရသည်။

လုံခြုံရေးရဲများ တင်းကျပ်စွာ ချထားမှုကြောင့် အင်းစိန်ဈေးရှိ ဈေးသည်များ ဈေးရောင်းမကောင်းကြဘဲ မပြောရဲ မဆိုရဲ ဖြစ်နေကြ ကြောင်း ဈေးသူဈေးသားများက ပြောသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုတွင် နှစ်ဖက်လျောက်လဲချက် အပြီးသတ် လုပ်ရမည့်နေ့ကို ဇွန်လ ၁ ရက်နေ့ဟု သတ်မှတ်လိုက်သည်ဟု အတိုက်အခံပါတီ သတင်းရပ်ကွက်အရ သိရသည်။

တဆက်ထဲမှာပဲ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် က ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရခြင်းနှင့် ပတ်သက်ပြီး “ကမ္ဘာတဝန်းမှာရော အာဆီယံ အသင်းမှာပါ စိုးရိမ် ပူပန်နေကြလို့ ထုတ်ဖော် ပြောကြားလိုက်တာပါ” ဟု ဆူရင်ပစ်ဆူဝမ်က ကမ္ဘောဒီးယားနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံနှင့် ဥရောပသမဂ္ဂ နိုင်ငံများ ဝန်ကြီးအဆင့် အစည်းအဝေးတွင် သတင်းထောက်များကို ပြောဆိုလိုက်ခြင်း ဖြစ်သည်။
mizzimaburmese.com နှင့် irrawaddy.org တို့မှ ရယူပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .