၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ် ဂျပန်နိုင်ငံတွင် ချီတက်ဆန္ဒပြပွဲ ကျင်းပ

Anonymous | 5:03 PM |





မေလ ၂၇ ရက်နေ့ နေ့လည် ၃းဝဝနာရီတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၁၉ နှစ်မြောက် ရွေးကောက်ပွဲ အနိုင်ရသည့် အထိမ်းအမှတ်ဖြင့် ဂျပန်နိုင်ငံ တိုကျိုမြို့ ROPPONGI ဘူတာမှ စတင်ကာ ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါသည်။

ချီတက်ဆန္ဒပြပွဲအား နိုင်ငံခြားရေးရုံးသို့ လှည့်လည် ဆန္ဒပြခဲ့ရာ ဂျပန် အဖွဲ့အစည်းအသီးသီးမှ ဂျပန်လူမျိုး အများအပြား နှင့် ဂျပန်ရောက် မြန်မာလူမျိုးများ၊ နိုင်ငံခြားသားများ စုစုပေါင်း လူအင်အား ၅ဝဝ ကျော် တက်ရောက်ခဲ့ပြီး ချီတက်ဆန္ဒပြခဲ့ကြပါသည်။

အဆိုပါ ဆန္ဒပြပွဲတွင် နိုင်ငံခြားရေးရုံးမှ အရာရှိများ၊ ဝန်ထမ်းများ နှင့် ဂျပန်လူမျိုးများ နားလည် သဘောပေါက်စေရန် ရည်ရွယ်၍ ကြွေးကြော်သံများအား ဂျပန်ဘာသာ တခုတည်းဖြင့် ကြွေးကြော်ကာ ချီတက်ဆန္ဒပြခဲ့ပါသည်။

ကျွန်တော့အနေဖြင့် ထိုဆန္ဒပြပွဲအား နိုင်ငံခြားရေးရုံးမှ အရာရှိများ၊ ဝန်ထမ်းများ နှင့် ဂျပန်ပြည်သူလူထုများ ရှေ့တွင် အမှန်တကယ် မီးမှောင်း ထိုးပြနိုင်ခဲ့သည့် ဆန္ဒပြပွဲတခုဖြစ်သည့် အတွက်အလွန်တရာ အားရ ကျေနပ်မိပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .