ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါနေ့တွင် ပြုလုပ်မည့် တရားခွင် ကြားနာမှုတွင် ကိုယ်တိုင် ထွက်ဆိုချက်ပြုမည် ဖြစ်ကြောင်း

Anonymous | 2:49 AM |

ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂါနေ့တွင် ပြုလုပ်မည့် တရားခွင် ကြားနာမှုတွင် ကိုယ်တိုင် ထွက်ဆိုချက်ပြုမည် ဖြစ်ကြောင်း သူ၏ ရှေ့နေတဦးဖြစ်သော ဦးဥာဏ်ဝင်းက ပြောကြားလိုက်သည်။
တရားလိုပြသက်သေများ ယနေ့ ထွက်ဆိုချက် ပြုလုပ်သွားပြီး ဖြစ်သည်။
တရားဆိုင်ဘက်မှ တင်ပြသော သက်သေများ စာရင်းတွင် နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ ဗဟိုအလုပ်မှုဆောင် ဦးဝင်းတင်၊ ဦးကြည်ဝင်း၊ ဒေါ်ခင်မိုးမိုးတို့ ပါဝင်သည်ဟု သိရသည်။
တင်္နလာနေ့က တရားဆိုင်ဘက်မှ ရှေ့နေများက တရားလိုပြ သက်သေငါးဦးကို မေးခွန်းပြန်ထုတ် စစ်ဆေးခြင်း ပြုခဲ့သည်။ အခြားသော သက်သေများကိုတော့ တရားလို စစ်အစိုးရဘက်က ပြန်လည် ရုတ်သိမ်းသွားခဲ့သည်။
mizzimaburmese.com မှ ရယူပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .