KNLA လက်ချက်ကြောင့် ဗိုလ်မှူးချုပ်ကောင်းမြတ် ခြုံခိုတိုက်ခိုက်ခံရပြီး ငရဲလားသွားပြီ

Anonymous | 12:51 AM |

(ကိုနစ်သတင်းပါ) (မေလ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်) က ကရင်ပြည်နယ်၊ သံတောင်ဒေသ ဘောဂလိဒေသမှာ စစ်ဆင်ရေးဝင်နေသော တောင်ကုတ်အခြေစိုက် စကခ (၅)၊ စကခမှူး ဗိုလ်မှူးချုပ်ကောင်းမြတ် (DSA အမှတ်စဉ် ၂၃ ကျောင်းဆင်း) ခြုံခိုတိုက်ခိုက်ခံရပြီး ငရဲလားသွားသည်ဟု သတင်းရရှိပါတယ်။ ဖြစ်ပွားမှုမှာ အဆိုပါ ဗိုလ်မှူးချုပ်ကောင်းမြတ် လိုက်ပါလာသော ကား (၃) စီးအနက်မှ နောက်ဆုံးကားအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၂) မှ ခြုံခိုတိုက်ခိုက်ရာ နအဖ ဗိုလ်မှူးချုပ်ကောင်းမြတ် သေဆုံးသွားကြောင်း သတင်းသိရှိရပါသည်။ ပြည်သူ့ ချဉ်ဖတ် နအဖမျိုးယုတ် ဗိုလ်မှူးချူပ်ကောင်းမြတ်ဟာ ပြည်သူလူထုအပေါ်မှာ အလွန်ဆိုးရွားစွာ ဆက်ဆံ သောသူ တစ်ဦးဖြစ်ကြောင်း သိရှိရပါတယ်။ တပ်မဟာ (၂) နယ်မြေ ဖြစ်တဲ့ တောင်ငူခရိုင်မှာ နအဖ တပ် စကခ-၅ ရဲ့ စကခမှူး ဗိုလ်မှူးချုပ်ကောင်းမြတ်က “မင်းတို့ကို နှိပ်စက်တာ မီဒီယာတွေအတွက် ရိုးနေပြီ။ သတင်း မဟုတ် တော့ဘူး။ မီဒီယာတွေက မဖော်ပြတော့ဘူး။ အရေးလုပ်ပြီး အသံမလွှင့်တော့ဘူး။ အဲ့ဒါတွေကို အားကိုးမနေနဲ့။ ငါတို့ နှိပ်စက်ချင်သလို နှိပ်စက်လို့ရတယ်” လို့ ကြိမ်းဝါးပြီး လူထုအပေါ် နှိပ်စက် ညှဉ်းပန်းမှု၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခဲ့ပါတယ်။ လူထုကို ရိက္ခာထမ်းခိုင်းတာတွေ၊ ကားလမ်းတလျှောက် လူသားမိုင်းရှင်းကရိယာအဖြစ် ခိုင်းစေအသုံးပြုတာတွေ လုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ (၆) ရက်နေ့ကလည်း ဘောဂလိရွာသား (၅၀) နဲ့ ရေသိုးကြီးရွာသား (၂၀) ကို ဘောဂလိကားလမ်းပေါ်မှာ ရင်ဘောင်တန်း တန်းစီလျှောက်ခိုင်းပြီး လူသားဒိုင်း၊ လူသားမိုင်းရှင်းကရိယာအဖြစ် မြေမြှုပ်မိုင်းကာကွယ်ရေး လုံခြုံရေး ယူခိုင်းခဲ့ပါတယ်။ http://www.niknayman-niknayman.co.cc/ မှရယူပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .