ဗိုလ်ချုပ်ရွှေမန်းရဲ့ ခြေသံတိတ် ခြေလှမ်းများ

Anonymous | 1:53 AM |

အတည်မပြုရသေးတဲ့သတင်းများအရ ဗိုလ်ချုပ်ရွှေမန်းဟာ အခုရက်ပိုင်းအတွင်း တရုပ်ပြည်ကို သုံးကြိမ်တိုင် သွားရောက်ခဲ့ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကို ကလိန်စေ့ငြမ်းဆင်အမှုနဲ့ ထောင်ချဖို့ ကြိုးစား နေတဲ့အကြောင်းထက် ကချင်၊ ၀ တိုင်းရင်းသားများ အပါအ၀င် အပစ်အခတ် ရပ်စဲထားတဲ့ တပ်ဖွဲ့များ လက်နက်ဖြုတ်သိမ်းရေး၊ တရုပ် မြန်မာနယ်စပ်တလျောက်က တိုင်းရင်းသားတွေနဲ့ မြန်မာစစ်အစိုးရ အဆင်ပြေရေးကို အဓိကထားပြီး ဆွေးနွေးပုံရကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်မယ်ဆိုရင်လည်း တိုင်းရင်းသားကိစ္စကို အလေးထားပြီး ပြင်ဆင်နိုင်ဘွယ်ရှိကြောင်း ခန့်မှန်း ပြောကြားမှုများ ကိုလည်း ကြားနေရပါတယ်။ အကဲခတ်တဦးကတော့ ဗိုလ်ချုပ်ရွှေမန်းရဲ့ တရုပ်ပြည်ခရီးစဉ်နဲ့ ပတ်သက်ပြီး “စစ်အစိုးရဟာ သူ့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွက် သူ့ဘက်က လုံခြုံစိတ်ချရတဲ့ အကာအရံတွေ ပြည့်စုံအောင် လုပ်ကိုင်နေတယ်။“ လို့ မှတ်ချက်ပြုပါတယ်။SSS.shwe Mann Trip Photos >
SSS.shwe Mann Trip to N Korea &Amp; China
အပြည့်အစုံကဒီမှာပါ

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .