ကလေးလူငယ် ၈ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိ

Anonymous | 1:07 AM |

“အရင်တုန်းက ဒီဟာတွေ မရှိဘူးလို့ ငြင်းဆန်ရာကနေ ရှိတယ်လို့ လက်ခံလာတယ်။ အခု တဖြည်း ဖြည်းနဲ့ ကလေးတွေကို လွှတ်ပေးတယ်ဆိုတဲ့ သတင်းတွေကြားတာ ကောင်းပါတယ်။ ဒါပေမယ့် တ ကယ်တမ်းလုပ်တာလား ကုလသမဂ္ဂကနေ ဖိအားပေးခါနီး အချိန် သူတို့က ဒါကို ဟန်ပြလုပ်တာလား၊ အဲဒီဟာကတော့ ကျနော်တို့ စဉ်းစားစရာဖြစ်တယ်။

အဲတော့ တကယ်တမ်းသာ သူတို့ ဆန္ဒမှန်တယ် ဆိုလို့ရှိရင် အဲဒီ ပြန်ပြီးတော့ ပို့တဲ့ကလေးတွေကို ဘယ်သူတွေ ဘယ်နှစ်ယောက်ပို့တယ်၊ ဘယ်နေ ရာကို ဘယ်လိုအစီစဉ်နဲ့ပို့တယ်ဆိုတာကို လူသိရှင်ကြားပြောမှ ဒါပိုပြီးတော့ ခိုင်လုံတဲ့အချက်၊ ပြီး တော့ ကောင်းမွန်တဲ့ အချက်လို့ ကျနော်တို့ သတ်မှတ် နိုင်မှာဖြစ်တဲ့အတွက် အဲဒါကို ကျနော်ထောက် ပြချင်ပါတယ်။”

“တချို့ဇာတ်လမ်းတွေက ကလေးတွေက တကယ်ဆန္ဒမပါပဲ ၀င်ရတာ ရှိတာကိုး အဲဒီကလေး တွေ ကျ တော့ လိမ်ညာခံရတယ်။ လိမ်ညာခံပြီးတော့ အသက်ကိုလိမ်ပြီး ထည့်တာမျိုးရှိတယ်။ အဲတော့ စာရွက် ပေါ်မှာသာ အသက်သာပြည့်နေပေမယ့် တကယ်တမ်း အသက်မပြည့်သေးတဲ့ ကလေးတွေ အများ ကြီးရှိသေးတယ်။ အဲဒါမျိုးက ပိုပြီးတော့ ပိုထုတ်သင့်တာ ဖြစ်ပါတယ်။”


လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့များက မြန်မာနိုင်ငံစစ်တပ်အတွင်းတွင် ကလေးစစ်သား ၇၀၀၀၀ ကျော်ရှိ သည်ဟု ခန့်မှန်းထားသည်။

အပြည့်အစုံဖတ်ရန်

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .