ဒီပဲယင်း (၇၃) လမြောက် နှင့် ဂျပန်ရောက် မြန်မာများ၏ လှုပ်ရှားမှု့ကြေညာချက်

Anonymous | 5:06 PM |

၂၀၀၃ခုနှစ် မေလ(၃၀)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျည်ရွာအနီးမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အထက်မြန်မာပြည် ခရီးစဉ်၌ စစ်အစိုးရ၏ စနစ်တကျ ကြိုတင်ကြံစည် လုပ်ကြံသတ်ဖြတ်သော ဒီပဲယင်း အရေးအခင်းသည် ယနေ့ဆို (၇၃) လတိတိ ရှိပါပြီ၊ အဆိုပါ နေ့ကို မမေ့နိုင်ကြောင်း၊ ဒီပဲယင်းဖြစ်ရပ်မှန် ဖော်ထုတ်ပေးရန် အလိုရှိကြောင်းကို ယနေ့ ဂျပန်ရောက်မြန်မာသည် တိုကျိုမြို့ရှိ နအဖ စစ်အခွန်ရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမှု့အခမ်းအနားတရပ်ကို ညနေ ၃းဝဝ မှ ၄းဝဝ အထိပြုလုပ်ကျင်းပခဲ့ပါသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုမှု့အခမ်းအနားကို လူဦးရေ ၁၄၀ ခန့် တက်ရောက်ခဲ့ပြီး၊ နိုင်ငံရေးအဖွဲ့အသီးသီးမှ တာဝန်ရှိသူများမှ အမှာစကားပြောကြားပေးခဲ့ပါသည်။

တဆက်တည်းမှာပဲ ဂျပန်နိုင်ငံ ခရီးစဉ်ကအပြန် မြန်မာနိုင်ငံကို ၀င်ရောက်မှာဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ သောကြာနေ့ မြန်မာနိုင်ငံကို ရောက်ရှိမည်ဖြစ်ကြောင်း သတင်းများအရ သိရပါသသည်။ Mr. Ban Ki-moon အား ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ မရှိမဖြစ် အစိတ်အပိုင်းတရပ် အနေနဲ့ အစိုးရနဲ့ အတိုက်အခံအကြား တွေ့ဆုံဆွေးနွေးမှုတွေ ပြန်စဖို့နဲ့ အများလက်ခံ ယုံကြည်တဲ့ ရွေးကောက်ပွဲအတွက် အထောက်အကူဖြစ်မယ့် အခြေအနေကောင်းတွေ ဖန်တီးဖို့ နအဖနှင့် ဆွေးနွေးရာမှာ မြန်မာပြည်သူများဖတ်မှ ပိုမိုရပ်တည်ပြောဆိုနိုင်ရေးအတွက် မနက်ဖြန် ညနေ ၃းဝဝ မှ ၄းဝဝ အထိ ဂျပန်နိုင်ငံရှိ နိုင်ငံခြားရေးရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမှု့ ပြုလုပ်မည်ဖြစ်သောကြောင့် ဂျပန်ရောက် မြန်မာများ တက်ရောက်အားဖြည့်ပေးကြရန် တိုက်တွန်းအပ်ပါသည်။

ဇူလိုင်လ (၇) ရက်နေ့ သမိုင်းကို စာဖတ်သူ သိပြီးဖြစ်သော်လည်း ကျွန်တော်တို့ မမေ့နိုင်ကြောင်း၊ ရင်ထဲမှာ အစာမကြေဘဲ အမြဲရှိနေကြောင်းကို ဂျပန်နိုင်ငံ တိုကျိုမြို့ TAKADANOBABA ရှိ RECYCLE CENTER အနောက်ဆောင် SHIHESEGATSU CENTER တွင် အများသူငှာ ပိတ်ရက်ဖြစ်သော ဇူလိုင်လ (၅) ရက်၊ တနင်္ဂနွေနေ့ မနက် ၉း၃ဝ မှ ၁၁း၃ဝ အထိ ဟောပြောပွဲတစ်ခု ကျင်းပမည်ဖြစ်ပြီး၊ ဇူလိုင်လ (၇) ရက်နေ့  တွင် တိုကျိုမြို့ရှိ နအဖ စစ်အခွန်ရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုမှု့အခမ်းအနားတရပ်ကို ညနေ ၃းဝဝ မှ ၄းဝဝ အထိပြုလုပ်ကျင်းပမည် ဖြစ်ပါသဖြင့် ဂျပန်ရောက် မြန်မာများ တက်ရောက်အားဖြည့်ပေးကြရန် တိုက်တွန်းအပ်ပါသည်။ phyowai-mmp

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .