မွေးနေ့ကတိ အမေသိစေ

Anonymous | 2:20 AM |

ရမက်တွေထုံနေတဲ့ ခုံပေါ်မှာ
ဖင်ကြွဖို့ကိုတောင် ရင်လေးနေရတဲ့ ဘဝ
သာပါစ မာပါစ လို့ မေးရမှာတောင်ရွံရှာမိရ..။

မကြည့်ပဲ မြင်နေရတဲ့ မျက်စေ့ကိုဖောက်ထုတ်
ကိုယ်တိုင်သာ စုံလုံးကန်းချင်မိပေါ့...။

နားမထောင်ပဲ အတင်းဝင်လာတဲ့အသံ
ကြားရတဲ့ ကိုယ့်နားကိုတောင် စက်ဆုပ်ရပြန်ရဲ့...။
မရှုရက်ပါပဲ နှာခေါင်းဝမှာ တိုးတိုးလာတဲ့
သမိုင်းဟောင်းက သွေးစက်တို့ရဲ့ ရနံ့မှာ
မျက်ရည်ဝဲကာ ဦးညွှတ်မိရဲ့..။


ယုံကြည်ချက်တစ်ခုကိုပိုက်ရင်း
ဓါးအမိုးမှာ လည်စင်းပေးခဲ့တဲ့
သူရဲကောင်းတို့ရဲ့ သွေးတွေနဲ့
အနီရောင်အလံကို ပိုတောက်စေမယ် အမေ...။

ဖုတ်လိုက် ဖုတ်လိုက်နဲ့
အသက်မထွက်ခင် နင်နေတဲ့
အာဏာရူးတို့ အစွယ်ကိုချိုးဖို့
ကျွန်မတို့အလံကို ပိုမြင့်အာင်မြှင့်မယ် အမေ...။

ဆာလောင်ငြီးတွားရင်း
ကယ်သူကိုမျှော် ငိုကျွေးနေတဲ့
အနာဂါတ်မဲ့ ကလေးတွေအတွက်
ကျွန်မတို့ချွေးနဲ့ အလံကိုလွှင့် လေမှာဝင့်လို့
ဗမာ့မြေတဝှမ်း ခွပ်ဒေါင်းသံညံဖို့
အမေ့မွေးနေ့မှာ ကတိထပ်ပြုတယ် အမေ...။

လင်းလင်းလတ်(တိုကျို)

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .