ဘန်ကောက်မြို့၌ ပညားရေးရံပုံငွေအတွက် သီးလေးသီးအငြိမ့် ဖျော်ဖြေခဲ့

Anonymous | 3:34 PM |

နာဂစ်ဒဏ်သင့်ဒေသမှ ကလေးသူငယ်များ၏ ပညားရေးရံပုံငွေအတွက် ရည်ရွယ်၍ ယမန်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သီးလေးသီးဆေးရောင်စုံအငြိမ့် ဖျော်ဖြေပွဲကို တင်ဆက်ခဲ့သည်။

ယခုသီးလေးသီးအငြိမ့် ဖျော်ဖြေပွဲကို ထိုင်းမြန်မာချစ်ကြည်ရေးဖောင်ဒေးရှင်းနှင့် ထိုင်းမြန်မာ လေဘေးကူညီရေး ကော်မတီတို့မှ တင်ဆက်ခဲ့ပြီး သီးလေးသီးအငြိမ့်အပြင် မွန်၊ ကရင်၊ ကချင်၊ ရှမ်းနှင့် ပအိုဝ်းရိုးရာ အကများကိုလည်း ထည့်သွင်းဖျော်ဖြေသွားခဲ့သည်။

ယခုဖျော်ဖြေပွဲကို Bangkok Church ခန်းမ (၆) ထပ်၊ ခရစ်ယာန်ကျောင်းသားများဆုံရပ် (Students Christian Center) ၊ ရပ်ချထေဝီ မိုးပျံရထားဘူတာရုံအနီး ဘန်ကောက်မြို့၌ ကျင်းပခြင်းဖြစ်ပြီး တစ်ရက်တည်းတွင် (၂) ပွဲ ဖျော်ဖြေတင်ဆက်ခဲ့သည်။

ပထမပွဲကို နံနက် (၁၀း၃၀)မှ နေ့လည် (၁း၀၀) အထိ၊ ဒုတိယပွဲကို နေ့လည် (၁း၃၀)မှ ညနေ (၄း၀၀)အထိ ဖျော်ဖြေမည်ဟု ကြေငြာထားသော်လည်း ပရိသတ်များ၏ အားပေးတောင်းဆိုမှုကြောင့် ဒုတိယပွဲမှာ ညနေ (၅း၀၀) ထိ ဖျော်ဖြေခဲ့ရသည်ဟု သွားရောက်အားပေးခဲ့သော ပရိသတ်တစ်ဦးဖြစ်သည့် ကိုဝင်းက ပြောသည်။
www.monnews-imna.com မှ ရယူသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .