ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြသမျှ အန်တီစု လက်ရှိအခြေအနေ

Anonymous | 12:38 AM |

ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့တွင် သူမ၏ ရှေ့နေ ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခဲ့သည်။

''ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာနေပုံရပါတယ်။ သူ့အမှုမှာ တရားမျှတမှု မရှိတဲ့အတွက်တော့ သူ စိတ်မချမ်းသာဘူး။ တရားဥပဒေကြောင်းအရ ဆက်ပြီးတိုက်ဖို့ပဲ သူ ပြောပါတယ်'' ဟု ဦးဉာဏ်ဝင်းက ပြောသည်။

တရားခံဘက်မှ တင်ပြသော သက်သေနှစ်ဦးကို ပယ်ချခြင်းနှင့် ပတ်သက်ပြီး ''ဒါ ဥပဒေနဲ့ မညီပါဘူး။ ဘာကြောင့်ပယ်တယ်ဆိုတာကိုလည်း အကြောင်းပြချက် ပေးမထားပါဘူး'' ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် နေအိမ်အကျယ်ချုပ်အမိန့် ရုပ်သိမ်းပြီးသော်လည်း နေအိမ်ကို အာဏာပိုင်များက ဆက်လက်ထိန်းသိမ်းထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် မကျေမနပ်ဖြစ်နေကြောင်း သိရသည်။

“သူ့အပေါ်မှာ နေအိမ်အကျယ်ချုပ်အမိန့် မရှိတော့ဘူး။ ဒါကြောင့် သူ့အိမ်ကို သူ့မိတ်ဆွေတွေသွားရောက် ရှင်းလင်းပေးဖို့ လုပ်တာကို အာဏာပိုင်တွေက အ၀င်မခံတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် အတော်လေး မကျေမနပ်ဖြစ်ရတယ်လို့ ပြောပါတယ်။ အာဏာပိုင်တွေကို ဘာ့ကြောင့် အိမ်ကိုပြန်မအပ်သေးတာလဲ။ အ၀င်မခံတာလဲလို့မေးတော့ အထက်အမိန့်မရသေးလို့လို့ ပြောပါတယ်” ဟု ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။
မဇ္ဈိမသတင်းဌာန နှင့် ခေတ်ပြိုင် တို့ မှ ကောက်နုတ်တင်ပြပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .