မြောက်ကိုးရီးယား နှင့်ပေါင်ပြီး ဆင်ကြံကြံနေပြီ

Anonymous | 10:46 PM |

မြန်မာစစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကို ပြီးခဲ့သည့် ရက်များအတွင်းက သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့သည်။


ယင်းထုတ်လွှင့်ချက်များအပြီး အဆိုပါမှတ်တမ်းများသည် စစ်အစိုးရ၏ နိုင်ငံနှင့် တ၀န်းတွင် တည်ဆောက်နေ သော ရေအားလျှပ်စစ် စီမံကိန်းများမှ မှတ်တမ်းများ ဖြစ်နိုင်မည်လား ဟူသည့် ပြည်တွင်း၊ပြည်ပရှိ အင်ဂျင်နီယာ အများစု၏ မေးခွန်းများ ပေါ်ထွက်လာသည်။

စစ်အစိုးရနှင့် မြောက်ကိုရီးယားတို့၏ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကြောင့် မြန်မာပြည်တွင် ဥမင် လိုဏ်ခေါင်းများ တည်ဆောက်နေသည်ဟူသော သတင်းကို လူအများက အာရုံစိုက် လာကြခြင်းဖြစ်သည်။

နေပြည်တော်အနီးတွင် ၀င်္ကပါသဖွယ် မြေအောက် ဥမင်လိုဏ်ခေါင်းပါသော စစ်ဌာနချုပ်ကို တည်ဆောက်ရန် စီစဉ်နေကြောင်း ဧရာဝတီက ရရှိထားသည့် မြန်မာနှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံ နားလည်မှုစာချုပ်အရ သိရသည်။
From : bbc & irrawaddy

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .