Home �
News
� နအဖလက်ပါးစေများကိုယ်တိုင် မလောက်ငှသဖြင့် အောက်ဆိုက်ရှာနေ
Anonymous |
3:59 PM |
အစိုးရ ပေးထားသည့် လစာနှင့် မလောက်ငှသဖြင့် အင်းစိန်ထောင်ရှေ့တ၀ိုက် တာဝန်ကျသည့် လုံခြုံရေးဝန်ထမ်းများကိုယ်တိုင် အဖြစ်အပျက် သတင်းဓါတ်ပုံ အချို့ကို ပြည်ပ အခြေစိုက် သတင်းမီဒီယာများသို့ လျှို့ဝှက်စွာ ရောင်းချမှုများ ရှိနေသည်ဟု လုံခြုံရေး ၀န်ထမ်းများနှင့် ဆွေမျိုးတော်စပ်သူ တဦးက ပြောဆိုသည်။
လူထုလေးစား ကြည်ညိုသည့် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ပြီး ရုံးတင်သည့် ကိစ္စ စတင်ပေါ်ပေါက်ပြီး နောက် အင်းစိန်ထောင်ရှေ့ တ၀ိုက်တွင် အန်အယ်လ်ဒီ ပါတီဝင်များ၊ အခြားစိတ်ဝင်စားသူများ နှင့် ရဲ၊ စရဖ ကြံ့ဖွံ့ နှင့် စွမ်းအားရှင် အစရှိသူတို့ ဖြင့်စည်ကားနေလေ့ရှိသည်။ ထိုသို့ အန်အယ်လ်ဒီပါတီဝင်များ ထိုင်နေသည့်ပုံ နှင့် ထောင်ရှေ့မှ လှုပ်ရှားမှုများကို ပြည်ပအခြေစိုက် သတင်းမီဒီယာများက လိုချင်ကြသည့် အတွက် ထိုသတင်းဓါတ်ပုံများကို လုံခြုံရေး တာဝန်ကျသူများက ရိုက်ယူထားကာ ရောင်းစားမှုများ ရှိနေသည်ဟု သိရှိရသည်။
ထိုနေရာတ၀ိုက်ကို ၀င်ရောက်လာသည့် မည်သူ့ကိုမဆို ယူနီဖောင်းဝတ်၊ အရပ်ဝတ် ရဲများက မျက်စေ့ ဒေါက်ထောက် ကြည့်နေခဲ့ကြပြီး မည်သည့် ပြင်ပ ပုဂ္ဂိုလ်မှ သတင်း ဓါတ်ပုံ သော်လည်းကောင်း၊ ဗီဒီယိုသော်လည်းကောင်း ရိုက်ယူရန် မလွယ်ကူပေ။ အချို့သော သတင်းဓါတ်ပုံများမှာ အနီးကပ် ရိုက်ယူထားသည့် ပုံများဖြစ်ပြီး မည်သည့် အပြင် သတင်းထောက်မှ ရိုက်ကူးရန် ဖြစ်နိုင်ချေမရှိသည့် ပုံများကိုလည်း မီဒီယာများတွင် မြင်တွေ့ရလေ့ရှိသည်။
စွမ်းအားရှင်များကို တရက် ၂ထောင်ကျပ်၊ ရဲဝန်ထမ်းများကို နေ့ကြေး တရက် ၃ထောင်ကျပ် ပေးသည်ဟု ဆိုသော်လည်း မှန်မှန် မရရှိကြဟု အဆိုပါ ၀န်ထမ်းများနှင့် နီးစပ်သူတို့က ပြောဆိုသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာ့ လှုပ်ရှားမှုကို နှိမ်နှင်း ခဲ့စဉ်ကလည်း စွမ်းအားရှင်များ၊ ကြံ့ဖွံ့များအား တရက်လျင် ၃၀၀၀ ကျပ်နေ့ကြေးပေးခဲ့ သည်ဟု ကြားသိရပြီး ထို့အတွက်လိုအပ်သည့် ငွေများကို မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း တို့က ထောက်ပံ့ပေးရသည် ဟုလည်းသိရှိရသည်။
မြန်မာနိုင်ငံ နအဖ အစိုးရသည် ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည့် နည်းလမ်းဖြင့် လူထု လှုပ်ရှားမှုကို နှိမ်နှင်းရန် ကြိုးစားနေသော်လည်း တဘက်တွင် သူ၏ လုံခြုံရေးအဖွဲ့ဝင်များ ကိုယ်တိုင်ပင် အစိုးရအပေါ် သစ္စာစောင့်သိရန် မဖြစ်နိုင်သည့် အခြေအနေမျိုးဖြင့် ရင်ဆိုင်နေရသည်။ မိုးမခ အထောက်တော်၊ ရန်ကုန် မှ ရယူပါသည်။
Category:
News
About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .