ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ ဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲ

Anonymous | 4:28 PM |

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ ဒီမိုကရေစီ နဲ့ငြိမ်းချမ်းရေးဆု ပေးအပ်ရာ လက်ရှိ ဂျပန် လွှတ်တော် ဥက္ကဋ္ဌ လည်းဖြစ်ပြီး၊ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂ ရဲ့ ဥက္ကဋ္ဌ မစ္စတာ OSHIMA မှပေးအပ်ခဲ့ပါသည်။

ဆုပေးအပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကမှာ " အနှစ်၂၀လုံးလုံး ဒီမိုကရေစီ နဲ့ငြိမ်းချမ်ရေး ကို စွန့်လွှတ်အနစ်နာခံပြီး ကြိုးစားဆောင်ရွက်တဲ့ အတွက် ဖြစ်ကြောင်း၊ သင့်ရဲ့ကြိုးစားမှုဟာ သင်တစ်ယောက် တည်းမဟုတ်ကြောင်း သင်နဲ့ အတူငါတို့ အားလုံးရှိတယ် " ဆိုတာ ပြသလိုတဲ့ အတွက် ပေးအပ်ခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

ဤဆုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက် နယ်မြေ ဂျပန်ဋ္ဌာနခွဲမှ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးမှ ကိုယ်စား လက်ခံရယူပေး ခဲ့ပါသည်။ ယခုဒီမိုကရေစီ နဲ့ ငြိမ်းချမ်းရေးဆု ဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် ဂျပန်လွှတ်တော် အမတ်များ သမဂ္ဂမှ ပေးအပ်တဲ့ ပထမဦးဆုံး ဂုဏ်ပြုတဲ့ ဆုလည်းဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ။....။ဦးသောင်းမြင့်ဦး အတွင်းရေးမှုး NLD (LA)JB၊ ဦးသာဇော်မောင်မောင် အတွင်းရေးမှုး ၂ LD (LA)JB၊ ဒီမိုဝေယံ တို့အားကျေးဇူးတင်ပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .