မြန်မာပြည်မှ အခြေခံကျောင်းသားများ ဂိမ်းဆိုင်တွင်သာအချိန်ဖြုန်း

Anonymous | 11:30 PM |

ဟိန်းခိုင်ထွန်း | ပြီးခဲ့သော စာသင်နှစ်က လျှပ်စစ်မီး ပုံမှန်မလာ၍ ကျောင်းစာများ လေ့လာ၍ မရသော်လည်း စာမေးပွဲ ဖြေဆိုပြီးနောက် အောင်စာရင်း ထွက်ရှိသည့် အခါတွင် ဖြေဆိုသော ကျောင်းသားများ၏ နာမည် များပါရှိလာ သောကြောင့် ယခုနှစ် ဆယ်တန်း ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသား အများစု မှာ ကျောင်းတက်ရန်အတွက် စိတ်အား ထက်သက်မှု မရှိတော့ဟု သိရသည်။

အခြေခံပညာ အထက်တန်း အဆင့် တက်နေသည့် ကျောင်းသား အများစုမှာ ကျောင်းတက်ချိန်တွင် စာသင်ခန်း အတွင်းတွင် မရှိဘဲ အင်တာနက် ဆိုင်များ နှင့် ဂိမ်းဆိုင်များတွင်သာ အချိန်ဖြုန်းကြသည်ဟု အထက ၁ လသာမှ ဆရာမ တစ်ဦးက Freedom News Group သို့ ပြောသည်။

အင်တာနက်ဆိုင်များ၏ ၀န်ဆောင်မှုသစ် တစ်ခုဖြစ်သည့် ၀က်ဘ်ဂိမ်းများ ခေတ်စားလာမှုကလည်း စာသင်ခန်းထက် ပို၍ ဆွဲဆောင် နိုင်ဖွယ်ရာ အချက်ဖြစ်ခဲ့သည်ဟု ယောမင်းကြီးလမ်းတွင် ဖွင့်လှစ်ထားသည့် အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။ “ဆိုင်မှာ ဆို အင်တာနက် ၀က်ဘ်ဆိုက် ကြည့်တဲ့သူက နည်းနည်း ဂိမ်း၊ ချတ် နဲ့ ဗီဒီယိုကြည့်သူတွေက ခပ်များများဟု ထိုသူက သူ့ဆိုင်သို့ လာရောက် သည့် စားသုံးသူများ၏ သဘောကို ပြောပြသည်။

စစ်အစိုးရ၏ တစ်နှစ်တန်း အအောင်ပေးရေး ပညာရေး စနစ်ကြောင့် ရန်ကုန်မြို့ရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းစာ အပေါ် စိတ်ဝင်စားမှု နည်းလာ ခြင်းဖြစ်သည် ဟု ကျောင်းသား မိဘတစ်ဦးက သုံးသပ်ပြီး ကျောင်းဆရာမ တစ်ဦးကမူ “စာသင်လည်း အပိုပဲ တက္ကသိုလ်က ဘွဲ့ရလည်း ဒီလက်မှတ်နဲ့ ဘယ်နိုင်ငံမှာမှ အလုပ်မရဘူးဆိုတာ သူတို့ သဘောပေါက် နေကြပြီ ထင်တယ်" ဟု
ပြောသည်။

Facebook ဟုခေါ်သည့် Social Networking Website မှ Mafia Wars ခေါ်သည့် အဆင့် အလိုက် ပြိုင်ဘက်များဖြင့် ဆော့ရသည့် ဂိမ်းမှာ မြန်မာ နိုင်ငံတွင် လူကြိုက်များ နေသည်။ ထို ဂိမ်းမှာ နေ့စဉ် ရက်ဆက်ဆော့ ရပြီး နိုင်ငံတကာတွင်လည်း လူကြိုက် များသော ဂိမ်းတစ်ခု ဖြစ်နေ သည်။

ကျောင်းမတက်ပဲ အင်တာနက်ဆိုင်တွင် အချိန်ဖြုန်းသော ကျောင်းသား အများစုမှာ Face Book ရှိ Mafia Wars ကို အဆော့များ ကြသည်ဟု Spider Web မှ ၀န်ထမ်း တစ်ဦးက ပြောသည်။

source by : Freedom News Group

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .