မုံရွာမြို့ရှိ ဗောဓိတထောင် ရပ်တော်မူရုပ်ပွားတော်ကြီးအတွင်းရှိ ဓာတ်လှေကား ပျက်ကျ

Anonymous | 1:37 AM |

မုံရွာမြို့ရှိ ဗောဓိတထောင် ရပ်တော်မူရုပ်ပွားတော်ကြီးအတွင်းရှိ ဓာတ်လှေကား ယမန်နေ့ ညနေ (၆) နာရီခန့်တွင် ပျက်ကျခဲ့သဖြင့် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒဓိကနှင့် ဆရာတော် ရဝေနွယ် (အင်းမ) တို့ အပါအ၀င် (၈) ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည်။
“အခု မန္တလေးဆေးရုံကြီးကို ပို့ထားပါတယ်။ ဆရာတော် ရဝေနွယ်က ခြေထောက်ကျိုးတယ်။ ဆရာတော် အရှင်ဆန္ဒဓိက ကတော့ ဒူးခေါင်းကွဲသွားတယ် ဆိုတာလောက်ပဲ သိရသေးတယ်။ သုံးထပ်လောက်ကနေ ပျက်ကျခဲ့တာပါ။ အသေအပျောက်တော့ မရှိပါဘူး” ဟု ဗောဓိတထောင်ကျောင်းတိုက်မှ ဆရာတော်တပါးက မိန့်ဆိုသည်။
ဓာတ်လှေကားပျက်ကျချိန်တွင် အတွင်း၌ ဆရာတော် (၂) ပါး၊ ဒကာ (၅) ဦးနှင့် လိုက်လံပြသသော ဗောဓိတထောင် ကျောင်းတိုက်မှ ဦးဇင်း (၁) ပါးတို့ ရှိနေခဲ့ကြကြောင်း၊ ယခုအခါ (၈) ဦးစလုံးကို မန္တလေးဆေးရုံကြီးသို့ ပို့ဆောင် ထားကြောင်း သိရသည်။
အပြည့်အစုံသို့

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .