မြန်မာနိုင်ငံမှာ နောက်ဆုံးပေါ် ၀က်တုပ်ကွေး ရောဂါ စတွေ့

Anonymous | 2:02 PM |

ထိုင်းနိုင်ငံမှာ H1N1 ၀က်တုပ်ကွေးရောဂါ နဲ့ လူ နှစ်ယောက် သေဆုံးသွားကြောင်း ကျန်းမာရေး တာဝန်ခံများက အတည်ပြု ပြောကြားပါတယ်။

၄၂ နှစ်အရွယ် အမျိုးသားတယောက်နဲ့ အသက်၄၀ အရွယ် အမျိုးသမီး တယောက် ဇွန်လ ၂၀ ရက်နေ့မှာ သေဆုံးတာလို့ သူတို့က စနေနေ့မှာ ကြေညာပါတယ်။ ထိုင်းနိုင်ငံမှာ ၀က်တုပ်ကွေး ရောဂါ ဖြစ်သူ ၁.၂၀၀ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အိမ်နီးနားချင်း မြန်မာနိုင်ငံမှာလည်း စင်ကာပူက ပြန်လာတဲ့ အသက် ၁၃ အရွယ်ရှိ အမျိုးသမီးငယ်တဦးမှာ ၀က်တုပ်ကွေး ရောဂါ တွေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ ကျောင်းသူလေးမှာ ရောဂါပိုး တွေ့ရှိရတာ ဖြစ်တယ်လို့ သတင်းများမှာ ဖော်ပြပါရှိပါတယ်။

အဆိုပါ ၀က်တုတ်ကွေး ရောဂါသည်မှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် နေထိုင်သူ ဖြစ်သည်ဟု သိရသည်။

အဆိုပါ ပုဂ္ဂိုလ်မှာ နေထိုင်မကောင်းသဖြင့် ဆရာဝန်အား လာရောက်ပြသရာမှ ၀က်တုတ်ကွေးကို တွေ့ရှိခြင်း ဖြစ်သည်။
voanews.com နှင့် narinjara.com မှ ရယူသည်။




Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .