ငါတို့... ဆုတောင်းနေကြတယ်

Anonymous | 4:47 PM |

သားငယ်အပြန်ကိုမျှော်နေရှာတဲ့ အမေတွေ
လင်သားအပြန်ကို ကြိုစောင့်နေတဲ့ ဇနီးသည်တွေ..
ဗမာပြည်မှာ
ပိတ်လို့မရတဲ့ အိမ်တံခါးတွေလည်းများလှပြီ...

ပေးဆပ်ကြရတဲ့ အရင်းအနှီးတွေကလည်းများလွန်းတယ်..
ခုထိ
ငါတို့ ရောင်နီလေးပျို့အံမလာသေးဘူးလား...

နှစ်ရှည်လများ.. ပိတ်လှောင်ခံထားရတဲ့
ငါတို့.. ခေါင်းဆောင်တွေ..
ကျန်းမာပါစေ..

ငါတို့ တိုင်းပြည်ရဲ့
မီးရှူးတန်ဆောင်
ဒေါ်အောင်ဆန်းစုကြည်.. ကျန်းမာပါစေ...

ငါ တို့သွေးသားဝိဉာဉ်က စိမ့်ကျလာတဲ့
ဆုတောင်းမေတ္တာပို့သံတွေ
ဗမာပြည်ရဲ့ ဘ၀ဂ်မှာညံနေတယ်..။

လင်းလင်းလတ် (တိုကျို)










Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .