"မြတ်မိခင်ဒေါင်း"

Anonymous | 4:51 PM |

အမှောင်မသန်း၊ အရောင်မနွမ်းပါတဲ့၊
အောင်ဆန်းဟေ့ စုကြည်။
မြန်ပြည်ထုရဲ့၊ အန်တီစု ဇာနည်။

ကွေ့မပြေးပါဘူး၊ ဖအေ့သွေးဟာ နီနီရဲပါလို့၊
ပြည့်အရေးမှာ ညီညီဇွဲနဲ့၊ တည်ကြည်ဆဲဟေ့ ဘာမထီ၊
မြန်မာပြည်ရဲ့ ခေါင်းဆောင်ကောင်း။

တကယ်ယုတ်မာ ပြိတ္တာများရယ်က၊

အကျယ်ချုပ်မှာ ပိတ်ကာထားရုံမက၊
မိစ္ဆာတရား အမှောင်ဉာဏ်ဆင့်လို့၊
ထောင်ဒဏ်နှင့်ပင် ထပ်ဖိချင်လည်း၊
ဗျတ္တိဉာဉ် မပြောင်းပါဘူး၊ သတ္တိအစဉ် ကောင်းပါဘိ၊
မြတ်မိခင်ဒေါင်း။
ကဗျာရေးသူ ကိုဒေါင်းကြယ်စင် နှင့် ဒီမိုဝေယံ ဘလော့ဂ် အားကျေးဇူးတင်ပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .