ဒေါ်စုကိုသာ ထောင်ချမယ်ဆိုရင်

Anonymous | 4:16 PM |

“ဒေါ်စုကိုသာ ထောင်ချမယ်ဆိုရင် ဒီရွေးကောက်ပွဲရဲ့ တရားဝင်မှု၊ ဒီရွေးကောက်ပွဲရဲ့ အခြေအနေ ပြည်သူက ဆန္ဒ ဖော်ပြဖို့ဆိုတဲ့ အလားအလာတွေက အကုန်လုံး မှေးမှိန် ကွယ်ပျောက်သွားမှာပဲ၊ ဒေါ်စုကို ထောင်ချခြင်းဟာ ရွေးကောက်ပွဲကို တရားခွင်တင်တာနဲ့ အတူတူ အဓိပ္ပါယ်သက်ရောက်မယ်လို့ ကျနော်ပြောချင်ပါတယ်” ဟု ဦးဝင်းတင်က ဆိုသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချခဲ့ပါက NLD အနေနှင့် တခုခု တုံ့ပြန်သင့်ကြောင်း ဦးဝင်းတင်က ဆက်ပြောသည်။

“ဒေါ်စု ထောင်ကျခဲ့ရင် NLD က တခုခု လုပ်ရမယ်၊ ဒါခေါင်းဆောင်ဗျ။ ဒေါ်စုဟာ ထိပ်တန်း ခေါင်းဆောင်ဖြစ်တယ်၊ ရှင်းရှင်းပြောရရင် ဒါ ဘယ်သူနဲ့မှ နှိုင်းယှဉ်ဖို့ မရှိတဲ့ ခေါင်းဆောင်ဖြစ်တယ်၊ ဒီလိုခေါင်းဆောင် တယောက်လုံးကို အိမ်အကျယ်ချုပ် ချထားရာကနေ ဆွဲထုတ်ပြီးတော့ တရားခွင်ပို့၊ ထောင် ချမယ် ဆိုရင်တော့ NLD က တခုခု တော့ ပြောဖို့ကောင်းတယ်လို့ ကျနော် ထင်တယ်၊ ဒီကိစ္စက ပြောဖို့ လိုအပ်တဲ့ကိစ္စ၊ ပြောရမှာပဲ၊ ပြောလည်း ပြောလိမ့်မယ်လို့ ကျနော် ယူဆပါတယ်” ဟု ဦးဝင်းတင်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခြင်းအားဖြင့် ရွေးကောက်ပွဲအပေါ် သက်ရောက် သွားနိုင်ကြောင်း၊ နိုင်ငံတကာ အပါအ၀င် လူထုကပါ ထိုရွေးကောက်ပွဲကို ဆန့်ကျင်သည့်အခြေအနေထိ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးသမားဟောင်း တဦးကလည်း ပြောသည်။

“NLD မပါရင်၊ ဒေါ်စု ထောင်ချ ခံရရင်တော့ ဒီရွေးကောက်ပွဲက ပျက်မှာပဲ၊ ဖြစ်ခဲ့ရင်လည်း ဘယ်သူကမှ ယုံကြည်မှု ရှိမှာမဟုတ်ဘူး၊ ပြည်သူ့ဆန္ဒ ခံယူပွဲလိုပဲ ဖြစ်သွားလိမ့်မယ်” ဟု အဆိုပါ နိုင်ငံရေးသမား ဟောင်းက ဆိုသည်။


အပြည့်အစုံဖတ်ရန်

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .