ပြည်နယ်နှင့်တိုင်း City FM လိုင်းအသစ်ကို စစ်အစိုးရက ၎င်းတို့နှင့် နီးစပ်သည့် ကုမ္ပဏီများသာပေးအပ်

Anonymous | 1:39 AM |

ပြည်နယ်နှင့်တိုင်းအလိုက် မြို့ကြီးများတွင် ထုတ်လွှင့်ရန် နောက်ထပ် စီစဉ်နေသည့် စီးတီး FM ရေဒီယို လုပ်ပိုင်ခွင့်များအား စစ်အစိုးရက ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေးသမားများကိုသာ ရွေးချယ် ပေးအပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

FM ရေဒီယို လိုင်းသစ် လုပ်ပိုင်ခွင့်များအား စစ်အစိုးရနှင့်နီးစပ်သူများ ဖြစ်သည့် ဇေကမ္ဘာ၊ ရွှေတောင်၊ ရွှေသံလွင်နှင့် Forever ကုမ္ပဏီတို့ ရရှိခဲ့ကြသောကြောင့် မီဒီယာလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသော အခြားကုမ္ပဏီတို့က မကျေမနပ် ဖြစ်နေကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်ထုတ်လုပ်ရေးနယ်ပယ်မှ အထင်ကရ မန်နေဂျာတဦးက “အခု FM လုပ်ခွင့်ရသွားတဲ့ ကုမ္ပဏီတွေက နအဖထိပ်ပိုင်းအရာရှိတွေနဲ့ နီးစပ်သူတွေ၊ ဆွေမျိုးတွေချည်းပဲ။ တချို့ကုမ္ပဏီတွေက နအဖနဲ့ အကျိုးတူပူးပေါင်း လုပ်နေကြလို့ သူတို့ကို ပေးတာတဲ့။ ပြီးတော့ တချို့ကုမ္ပဏီတွေဆို မီဒီယာလုပ်ငန်းနဲ့ အကျွမ်းတဝင် ရှိတာလည်း မဟုတ်ဘူး။ အခြားကုမ္ပဏီတွေက ဒါကို မကျေမချမ်း ဖြစ်နေကြတယ်။ ဒါပေမယ့် နအဖက သူတို့လူတွေကိုပဲ ဒီလိုပေးထားရင် သူတို့သုံးချင်သလို၊ ပုံစံသွင်းချင်သလို သွင်းလို့ရလို့ ရွေးပေးတာဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ပါဝင်သည့်မြို့များမှာ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ လွိုင်ကော်၊ စစ်ကိုင်း၊ မုံရွာ၊ မကွေး၊ မြစ်ကြီးနား၊ ဟားခါး၊ ပဲခူး၊ ပြည်၊ မော်လမြိုင်၊ ဘားအံ၊ ထားဝယ်၊ မြိတ်၊ ပုသိမ်၊ ကျောင်းကုန်း၊ စစ်တွေ၊ သံတွဲ၊ အမ်းမြို့တို့ဖြစ်သည်။

တိုင်းရင်းသားတို့နေထိုင်ရာ မြို့ရွာများတွင် ယခုကဲ့သို့ စီးတီး FM အသံလွှင့်သည့်အစီအစဉ်သည် နအဖ စစ်အစိုးရတို့ ကြီးမှူးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရာတွင် အသုံးပြုဖွယ် ရှိသည်ဟု ပြည်တွင်းပြည်ပမှ နိုင်ငံရေး လေ့လာအကဲခတ်သူများက ပြောသည်။

အပြည့်အစုံကဒီမှာပါ

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .