(KHRG)အဖွဲ့မှ မြန်မာများ ဆင်းရဲခြင်းနှင့်ရွှေ့ပြောင်းခြင်းဆိုင်ရာ အစီရင်ခံစာ ထုပ်ပြန်

Anonymous | 1:12 AM |

အိမ်နီးချင်းနိုင်ငံများသို့ သန်းနှင့်ချီရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ လူမှု စောင့်ရှောက်ရေး အခွင့်အရေးများကို နိုင်ငံတကာက အာရုံစိုက်မှုရရှိနိုင်ရန် ရည်ရွယ်၍ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က မတော်မတရားပြုခြင်း၊ ဆင်းရဲခြင်းနှင့် ရွှေ့ပြောင်း ခြင်းဆိုင်ရာ (Abuse, Poverty and Migration) အစီရင်ခံစာတစောင်ကို ယနေ့ စတင်ဖြန့်ဝေသည်။

စာမျက်နှာ (၅၈) မျက်နှာပါ ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ (KHRG) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နော်စက်တင်ဘာဖောက “မြန်မာနိုင်ငံသားတွေ ဘာဖြစ်လို့ သူများနိုင်ငံမှာ အလုပ်သွားလုပ်ရတာလဲ။ မြန်မာပြည်က ထွက်လာရတဲ့အကြောင်းရင်းကို သုတေသန လုပ်ထားပြီး ဒီအစီရင်ခံစာကို ထုတ်ဝေရ တာဖြစ်တယ်။ မိမိအိုးအိမ်ကို စွန့်ခွာပြီး တိုင်းတပါးသို့ ထွက်ခွာလာသည့် အကြောင်းရင်းများအနက် ဆင်းရဲနွမ်းပါးခြင်း၊ အသက်မွေး ၀မ်းကြောင်းမှု လုံခြုံစိတ်ချရမှုမရှိခြင်းနှင့် ငွေကြေးပြဿနာများကြောင့် ဖြစ်သည်ဟုလည်း အစီရင်ခံစာ အချက်အလက်များနှင့် ပတ်သက်၍ နော်စက်တင်ဘာဖောက ပြောသည်။

နိုင်ငံတကာက သိရှိနိုင်ရန်အတွက် အစီရင်ခံစာကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး ယင်းအစီရင်ခံစာကို အလိုရှိသူများအနေဖြင့် KHRG အဖွဲ့၏ အီးမေးလ်လိပ်စာ khrg@khrg.org ဖြင့် ဆက်သွယ်တောင်းယူနိုင်သည်။
အပြည့်အစုံကဒီမှာပါ

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .