ရာသီဥတုနှင့် MAI စက်ချွတ်ယွင်းမှုကြောင့် မဟုတ်လျှင် လေယာဉ်မှူးကြီး ခံရဦးမည်

Anonymous | 4:28 PM |

မြန်မာ့လေကြောင်း (MAI) မှ ခရီးသည်တင် လေယာဉ်တစီး စစ်တွေလေဆိပ်တွင် ပြေးလမ်းချော်မှု ဖြစ်ပွားပြီးနောက် ပို့ဆောင်ရေး ဒုဝန်ကြီးက မြန်မာ့လေကြောင်းမှ လေယာဉ် မှူးကြီးများနှင့် လေယာဉ်မှူးများ အားလုံးကို ဆင့်ခေါ်ပြီး လေယာဉ် ပျံသန်းရာတွင် မတော်တဆမှုများ မဖြစ်ပွားရန် အထူး ဂရုစိုက်ကြရန်နှင့် ဖြစ်ပွားပါက လေယာဉ်မှူးကြီး များကို ပြစ်ဒဏ်ချမှတ် အရေး ယူသွားမည်ဟု သတိပေး ပြောဆိုကြောင်း သတင်းရရှိသည်။

ထိုမတော်တဆမှုကို MAI က စစ်ဆေးနေပြီး ရာသီဥတုနှင့် စက်ချွတ်ယွင်းမှုကြောင့် မဟုတ်ဘဲ လေယာဉ်မှူး၏ အမှားကြောင့် ထိုဖြစ်ရပ်ဖြစ်ပွားသည်ဟု စစ်ဆေးတွေ့ရှိပါက ထိုလေယာဉ်မောင်းနှင်ခဲ့သူ လေယာဉ်မှူးကြီး တဦး အရေးယူခံရ နိုင်ဖွယ်ရှိသည်ဟု သိရှိရသည်။

ယင်း လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၆ ဦး၊ ခရီးသည် ၆၂ ဦး စုစုပေါင်း ၆၈ ဦးပါရှိပြီး တွဲဖက်လေယာဉ်မှူး ဦးစိုးရီ တဦးတည်းသာ နဖူးတွင် ဒဏ်ရာ အနည်းငယ် ရရှိကြောင်း၊ ကျန်အမှုထမ်းများနှင့် ခရီးသည်များ ထိခိုက် ဒဏ်ရာ မရရှိကြောင်း ဇွန်လ ၇ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။

MAI သည် နှစ်ပေါင်း ၆၀ သက်တမ်းရင့် စစ်အစိုးရပိုင် လေကြောင်းလိုင်း ဖြစ်ပြီး ပြည်တွင်း ခရီးစဉ်များကို ATR 72 လေယာဉ် ၂ စီး၊ FOKKER 28 လေယာဉ် ၃ စီး၊ FOKKER 27 လေယာဉ် ၇ စီး၊ ATR 42 လေယာဉ် ၁ စီး ဖြင့် ပြေးဆွဲနေပြီး လေယာဉ်အများစုမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေသော လေယာဉ်များ ဖြစ်သည်။
ဧရာဝတီ တွင် အပြည့်အစုံဖတ်ရှုပါရန်

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .