ရန်ကုန်မြို့ NLD မှ လူငယ် ၃ ဦး အဆွဲခံရ

Anonymous | 11:07 PM |

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ် ၃ ဦးကို ယမန်နေ့ ညပိုင်းတွင် ရဲများက ဖမ်းဆီးသွားသည်။

မြို့နယ် အန်အယ်ဒီ လူငယ်တာဝန်ခံ ကိုအောင်အောင်ဦး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး တာဝန်ခံ ကိုကျော်ဝင်းထွန်းနှင့် တာမွေမြို့နယ်မှ ကိုကျော်မျိုးနိုင်ကို ဗဟန်းမြို့နယ်အဝိုင်းထိပ် မှတ်တိုင်အနီးရှိ ကိုအောင်အောင်ဦး၏ နေအိမ်ရှေ့တွင် ဗဟန်းရဲစခန်းမှ ရဲ ၂ ဦးက ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“သူတို့ ၃ ယောက် လမ်းလျှောက်လာတယ်။ ရဲ ၂ ယောက်က ဆိုင်ကယ်နဲ့ သူတို့နား ကပ်လာတယ်။ သူတို့ စကားပြောနေကြတယ်လို့ပဲ ထင်နေတယ်။ နောက်တော့ ရဲ ၂ ယောက်က သူတို့စီးလာတဲ့ ဆိုင်ကယ်ကို ထားလိုက်ပြီး တက္ကစီငှားပြီး သူတို့ကို ခေါ်သွားတယ်” ဟု အခင်းဖြစ်ပွားရာ အနီးတွင် နေထိုင်သူ မျက်မြင်သက်သေ တဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်၍ မိသားစုဝင်များထံ အာဏာပိုင်များက ယခုထိ အကြောင်းကြားခြင်း မရှိသေးသဖြင့်၊ မည်သည့်အတွက်ကြောင့် ယခုလို ဖမ်းဆီးခံရသည်ကို အန်အယ်ဒီ ပါတီနှင့် မိသားစုဝင်များမှ မသိရှိသေးပါ။

ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော် ကြားတာပဲ ရှိသေးတယ်၊ လူငယ် ၃ ဦး ဖမ်းခံရတယ် ဆိုတာကို။ သေချာတော့ မသိသေးဘူး” ဟု ပြောသည်။

“နိုင်ငံရေးကိစ္စနဲ့ ဖမ်းရင် ဘယ်တော့မှ ချက်ချင်း အကြောင်းမကြားဘူး။ ၄-၅ ရက်နေမှ အကြောင်းကြားတယ်။ ဒါမှမဟုတ် တလ နှစ်လနေမှ၊ အင်းစိန်ကို ရောက်လာမှ မိသားစုက သိရတယ်” ဟု ပါတီ ဗဟို လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။
မဇ္ဈိမမှ ရယူပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .