ဂျပန်နှင့် တောင်ကိုရီးယားရောက် နိုင်ငံရေးလှုပ်ရှားသူများအတွက် Opportunities

Anonymous | 7:22 PM |

မြောက်ကိုရီးယား အကူအညီနဲ့ လှိုဏ်ခေါင်းတွေ တည်ဆောက်နေတဲ့အကြောင်းကို အခုလို ဓါတ်ပုံ အထောက်အထားတွေနဲ့ သတင်း ထွက်လာတဲ့အခါမှာတော့ စစ်အစိုးရနဲ့ မြောက်ကိုရီးယားရဲ့ ဆက်ဆံရေးကို ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှာ လက်ခံနိုင်ဖွယ် မရှိနိုင်ကြောင်း စာရေးသူထင်မြင်မိပါသည်။ နိုင်ငံတကာနှင့် မတည့်သော မြောက်ကိုရီးယား ကို အထူးသဖြင့် မုန်းတီးကြသော နိုင်ငံများမှာ ဂျပန်နှင့် တောင်ကိုရီးယား ဖြစ်ကြောင်း စာဖတ်သူများ အသိပင်ဖြစ်သည်။

ထို့ကြောင့် ဂျပန်နှင့် တောင်ကိုရီးယား ရောက်ရှိနေသော နိုင်ငံရေးလှုပ်ရှားသူများ အနေဖြင့်များစွာ (Opportunities) အခွင်အလမ်းများ ရရှိနိုင်မည်ဟု စာရေးသူထင်မြင်မိပါသည်။ မြန်မာစစ်အစိုးရဟာ တိုင်းပြည်ဝင်ငွေရဲ့ ရာနှုန်းတော်တော်များများကို စစ်အသုံးစရိတ်အဖြစ် သုံးစွဲနေတာကို စာဖတ်သူများ အသိပင်ဖြစ်ပေသည်။ ပြောရမည်ဆိုလျှင် ဆိုဗီယက်လုပ် တိုက်လေယာဉ်များ ၀ယ်ယူခြင်း၊ မြောက်ကိုရီးယားနိုင်ငံမှ ဒုံးကျည်လက်နက်နဲ့ အပိုပစ္စည်းများ ၀ယ်ယူခြင်း၊ ဗိုလ်လောင်းများကို ရုရှားနိုင်ငံသို့ စေလွှတ်ကာ စစ်သင်တန်း တက်ရောက် သင်ကြားစေခြင်း၊ တရုတ်နိုင်ငံမှ မော်တော်ယာဉ်များ အပါအ၀င် စစ်ရေး အထောက်အကူပြု ပစ္စည်းများ ၀ယ်ယူခြင်း အစရှိသည့် သုံးစွဲမှု့များကို ပြုနေကြောင်း သတင်းများအရသိရပါသည်။

ယင်းသုံစွဲနေသော ငွေများမှာ ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ထောက်ပံ့ပေးထားသော ငွေများပင် ပါဝင်နိုင်ပေသည်။ ဒီအချိန်မှာ ဂျပန်နှင့် တောင်ကိုရီးယား တို့မှ ထောက်ပံ့မှုများ ရပ်တန့်သွားနိုင်ပေသည်။ ထိုရပ်တန့်သွားမှုနှင့်အတူ ဂျပန်နှင့် တောင်ကိုရီးယား မှ မြန်မာနိုင်ငံသို့ ဖိအားပေးမှု့များပြုလုပ်နိုင်ရန် ဂျပန်နှင့် တောင်ကိုရီးယားရောက် နိုင်ငံရေးလှုပ်ရှားသူများမှ တင်ပြနိုင်ရန် Opportunity ရှိကြောင်း စာရေးသူထင်မြင်မိပါသည်။

အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသို့ ဖိအားပေးမှု့များနှင့် ပတ်သက်ပြီး ဂျပန်နှင့် တောင်ကိုရီးယား မှာ စစ်အစိုးရကို ထိထိရောက် ဝေဖန်ခြင်းနှင့် ဖိအားပေးမှု့များ မပြုလုပ်သေးသောကြောင့်ပင် ဖြစ်ပေသည်။ စာဖတ်သူများ၏ ဝေဖန်ချက်များကို comments ရေးပေးကြပါရန် တောင်းဆိုအပ်ပါသည်။ phyowai-mmp

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .