SEVEN JULY မမေ့နိုင်ကြောင်း

Anonymous | 3:45 PM |

အာဏာရှင်အုပ်စုဟာ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ မှာ မြန်မာပြည်ပြည်သူအားလုံးရဲ့  လွတ်လပ်တဲ့ဘ၀တွေကို ကံကြမ္မာဆိုးရွားစေခဲ့တဲ့ အာဏာသိမ်းပွဲကို ပြုလုပ်ခဲ့တယ်။ ပြည်သူ့ အာဏာကို အဓမ္မကျင့်ပြီး တိုင်းပြည်ကို မတရား စတင် အုပ်ချူပ်ခဲ့တယ်။ သွေးစွန်းနေတဲ့လက်တွေ ယမ်းငွေ့ ညံ့နေတဲ့ လူသတ်လက်နက်တွေနဲ့  အာဏာရှင်အုပ်စုကို ဆန့် ကျင်အံတုသူတွေကို ဖမ်းဆီးထောင်ချခဲ့တယ်။

အဓိက ဆန့်ကျင်အံတုသူများ စုဝေးရာ ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေရဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဇူလိုင်လ (၇) ရက်နေ့ မှာ ဒိုင်းနမိုက်နဲ့ ဖြိုခွင်းဖျက်ဆီးခဲ့ပြီး ကျောင်းအဆောင်တွေအတွင်း ၀င်ရောက်ရှောင်တိမ်း ပုန်းအောင်းနေတဲ့ ကျောင်းသူကျောင်းသားတွေကို မသေသေအောင် ပစ်သတ်ခဲ့ပါတယ်။

ထို ဇူလိုင်လ (၇) ရက်နေ့ သမိုင်းကို စာဖတ်သူ သိပြီးဖြစ်သော်လည်း ကျွန်တော်တို့ မမေ့နိုင်ကြောင်း၊ ရင်ထဲမှာ အစာမကြေဘဲ အမြဲရှိနေကြောင်းကို ဂျပန်နိုင်ငံ တိုကျိုမြို့ TAKADANOBABA ရှိ RECYCLE CENTER အနောက်ဆောင် SHIHESEGATSU CENTER တွင် အများသူငှာ ပိတ်ရက်ဖြစ်သော ဇူလိုင်လ (၅) ရက်၊ တနင်္ဂနွေနေ့ မနက် ၉း၃ဝ မှ ၁၁း၃ဝ အထိ ဟောပြောပွဲတစ်ခု ကျင်းပမည်ဖြစ်ရာ ဂျပန်ရောက်မြန်မာများ တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .