၆၂-နှစ်မြောက် အာဇာနည်နေ့ မြန်မာပြည်တွင်းလှုပ်ရှားမှု တချို့

Anonymous | 3:00 AM |

မိုးသွေးငယ် ၊ ဒီနေ့ မနက် အာဇာနည်နေ့ မှာ လှုပ်ရှားမှုတွေ နဲ့ ပတ်သတ်လို့ ပြည်တွင်းက ပေးပို့ တဲ့ သတင်းများ အရကတော့...။
အာဏာပိုင်တွေက အာဇာနည်ကုန်းပေါ်ကိုတက်ရောက် အလေးပြုကြတဲ့ လူငယ်တွေကို စောင့်ကြည့် နေခဲ့ပါတယ်။ လူငယ်တွေ ဝတ်ဆင်လာခဲ့တဲ့ အာဇာနည်ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပုံပါအကျီ င်္တချို့ နဲ့လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုံပါ အကျီ င်္တွေကို အာဏာပိုင်းတွေက စွပ်ကျယ်အကျီ င်္ ပေးလဲလှယ် ဝတ်ဆင်စေပြီးမှတက် ရောက်ခွင့်ပေးခဲ့ပါတယ်။ ရိုးရိုးအကျီ င်္ဝတ် ဆင်သူတွေကိုတော့ ဟန့်တားမှု မရှိပဲတက်ရောက်ခွင့်ပေးခဲ့ပါတယ်။

တချို့လူငယ်များဟာ အကျီ င်္ လဲလှယ်မှုမလုပ်ချင်တဲ့ အတွက် အာဇာနည်ကုန်းပေါ်ကိုမတက်ပဲ အဝေမှအလေးပြု ပြန်လာကြပါတယ်။ တချို့က ပန်းစီးတွေပါလာကြပါတယ်။ တက်ရောက်သွားတဲ့ လူငယ်တွေကတော့အပေါ်အဖြူ ရောင်နဲ့ အောက်ကတော့ ယောအနက်ကိုဝတ်ဆင်ကြတာတွေ့ခဲ့ရပါတယ်။

ကိုကျော်သူတို့ နာရေးကူညီမှု့ အသင်းကလည်း ဒီနေ့မှာ အာဇာနည်နေ့ အတွက်အခမ်းအနား ပြုလုပ်ခဲ့တယ်။လုံခြုံရေး ယူပေးခဲ့တဲ့ အဖွဲ့ချုပ်က လူငယ်တွေကို ထမင်းကျွေး၊ကော်ဖီ များတိုက်ကျွေးမွေး ခဲ့တယ်လို့သိရှိရပါတယ်။

၆၂ နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ကျောက်ပန်းတောင်း မြို့နယ်တွင်းရှိ လူငယ်များ၊ အလုပ်သမားများပါဝင်သော အင်အား ၆၀ ကျော်ခန့်သည်၊ ထန်းရွက်ဖြင့်ပြု လုပ်ထားသော ဦးထုတ်(သိုင်းကြိုး အနီရောင်) ကိုကိုယ်စီဆောင်းခဲ့ကြသည်။

လူငယ်များအခြေခံအလုပ်သမားများသည် ကျောင်းတိုက် ၄ တိုက်များဖြစ်သော ခေမာ သီဝံကျောင်းတိုက်၊ စိတ္တပါလဂူကျောင်း ၊ သုခ၀တီကျောင်းတိုက်၊ အောင်မြေရတနာ ကျောင်းတိုက်တို့သွားရောက်၍ သံဃာတော်များ အားဆွမ်းကပ်ခြင်းကုသိုလ်ပြုခြင်းတို့ ဖြင့် အာဇာနည်ကြီးများအားရည်စူး၍ တရားနာအမျှပေးဝေခဲ့ကြပါတယ်။ တလူငယ်များက မဟာစေတီကြီး ဘုရားသို့သွားရောက်၍ ဆုတောင်းမေတ္တာများပို့သခဲ့ကြတယ်။

ဆိုင်ကယ်ဖြင့်သွားသူများက ဆိုင်ကယ်ဦးထုတ်မဆောင်းလျှင်အဖမ်းအဆီးများရှိနေသ ဖြင့် ထန်းဖူးဦးထုပ် အား သိုင်းထားခဲ့ကြပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းပါတယ်။ တချို့ ကလမ်းလျှောက်ရင်း ထန်းဖူး ဦးထုပ် ဆောင်းခဲ့ကြပါသည်။

စုရပ် အဖြစ် မြို့မရပ်ကွက်ကျောင်း ရှေ့ ရှိ ဗိုလ်ချုပ်ကြေးရုပ် ရှိရာသို့ စုရပ် လုပ်ခဲ့ကြသော်လည်း ဗိုလ်ချုပ်ကြေးရုပ်ဝန်း အား အားဏာပိုင်များက ပိတ်ထားခဲ့သည်။ လူငယ်များ၊ အလုပ်သမားများသည် ဗိုလ်ချုပ်ကြေးရုပ်အား အလေးပြုခွင့် မရဘဲပြန် ခဲ့ကြရသည်။ ( ကြံ့ဖွံ့၊ မီးသတ်၊ စွမ်းအားရှင်စသည် အင်အား ၁၀၀ ကျော်ကလိုက်လံ စောင့်ကြည့် အင်အား ပြခဲ့သော်လည်း အဖမ်းအဆီးမရှိ အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

လှုပ်ရှားမှုကို နံက် ၉ နာရီ၄၅ မှစတင်ခဲ့ပြီး နေ့လည် တနာရီခွဲခန့်တွင်ပြီးဆုံးခဲ့သည်။ ရလဒ်အဖြစ် အာဇာနည်ခေါင်း ဆောင်ကြီးများကို အားအလေးပြုရန်ကိစ္စဖြစ်နေသည့်အတွက် အာဏာပိုင်များ မှ တစ်စုံတစ်ရာ ဖမ်းဆီမှုမပြုလုပ် ခဲ့ခြင်း ဖြစ်နိုင်ပါသည် ။ ပါဝင်လှုပ်ရှားခဲ့သည့် လူသစ်များ အားအင် ဖြစ်ခဲ့သည်။သို့သော် ဗိုလ်ချုပ်ကြေးရုပ်အား ရည်ရွယ်ချက်အတိုင်း အလေးမပြုရ သည့်အတွက် ခံပြင်းစိတ်များဖြစ်ပေါ်ခဲ့ကြ သည်ဟူသိရှိခဲ့ရပါတယ်။

ပြည်တွင်းမှ ပေးပို့ချက်များကို စုစည်းတင်ပြထားပါသည်။
မိုးသွေးငယ်နှင့် ပေးပို့ပေးသော မိတ်ဆွေအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း ဘလောက် တွင်မှတ်တမ်းတင် အပ်ပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .