ဖြစ်ပါရစေ ...

Anonymous | 2:13 PM |

ကဗျာရှင် မင်းသစ်တည် က ပြောတာကတော့ - လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေးကို ကြည့်ရင်း ရေးမိတဲ့ ကဗျာလေးပါတဲ့။

အဖေ ဖြစ်ဖြစ် … အမေဖြစ်ဖြစ်
တစ်ယောာက်တော့ ရှိချင်တယ်။
မကြာခဏ အမှားအယွင်း
လုပ်မိတတ်တဲ့ ကျွန်တော့်ကို ဆုံးမဖို့ …… ။

အဖေဖြစ်ဖြစ်…. အမေဖြစ်ဖြစ်
တစ်ယောက်တော့ ရှိချင်တယ်။
ရုပ်ရှင်တွေထဲကလို ပိုက်ဆံအထပ်လိုက်ကြီးကို
မုန့်ဖိုးအဖြစ် တောင်းယူသုံးနိုင်ဖို့ ……။

ခုတော့ ပန်းကန်လေးတစ်ချပ် …. ကျကွဲတာနဲ့
ကျောကော့အောင် ရိုက်ခံရတဲ့ကျွန်တော် …..
မိဘအရင်းရဲ့ ဆုံးမတာကိုဘဲ ခံချင်တယ် …..။

ခုတော့ ကျွန်တော် …..
ကျောတစ်ခင်းစာရရုံနဲ့
ထမင်း မ၀ရေစာ စားရရုံနဲ့
ဘ၀ကို ပြည့်စုံတယ်လို့ မထင်ဘူး
ချားရဟတ်လေးတော့ စီးချင်တယ် ……။

အဖေဖြစ်ဖြစ် ….. အမေဖြစ်ဖြစ် ….
ရမယ်ဆို လိုချင်မိတယ်။
မကြာခဏ မျက်ရည်လွယ်တတ်တဲ့ ကျွန်တော် ….
အားရပါးရ ငိုကြွေးတာကို
မြင်ရအောင်လို့ ……..။

(ရေးသားသူ ကဗျာရှင် - မင်းသစ်တည်) ။

ကလေးသူငယ်များ မတရား အနိုင်ကျင့်ခံရခြင်းမှ ကင်းဝေးကြပါစေ ……… ။
http://www.niknayman-niknayman.co.cc/2009/07/blog-post_7240.html မှ ဖြစ်ပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .