ဦးတေဇ သတင်းဖတ်ပြီးရေးမိသည်မှာ

Anonymous | 3:31 AM |

လုပ်ငန်းရှင် ဦးတေဇ ကျောက်မျက်နှင့် သစ်လုပ်ငန်း အခွင့်ထူးများ ဆက်နေပါသည်။ ၎င်းရဲ့ မကြာမီက သွားခဲ့တဲ့ တရုတ်ပြည်ခရီးစဉ်မှာ အခြား ကျောက်မျက်ကုန်သည်တွေကို ၎င်းလေယာဉ်နဲ့ အကုန်အကျခံပြီး တင်ဆောင်သွားခဲ့ရာမှာ သူကိုယ်တိုင်ကတော့ ၀န်ထမ်းတွေ သတိပေးထားတဲ့ကြားက ကျောက်မျက် ရတနာအချို့ကို တရားမ၀င် သယ်ဆောင်သွားတယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် သစ်လုပ်ငန်းတွေမှာ အထူးအခွင့်အရေးအဖြစ် ခုတ်လှဲခွင့်၊ ရောင်းဝယ်ခွင့်တွေ ရယူပြီး တနလာင်္ရီတိုင်းက အချို့ တားမြစ်သစ်ကွက်တွေကိုပါ ၀င်ရောက်ခုတ်လှဲနေတာကို တိုင်းမှူးတွေက လက်ပိုက်ကြည့်နေရတယ်လို့ ပြောပါတယ်။ မိုးမခ၊ ရုပ်ဆိုး၏ သတင်းဖြစ်ပါသည်။

ဦးတေဇ အသင်ကောင်းစားသည်ကို မနာလိုမဖြစ်ပါ။ ဒါပေမယ့် ကျောသားရင်သားခွဲခြားပြီး အုပ်ချုပ်နေသော စစ်အစိုးရဟာ ဘယ်လိုမျှ နိုင်ငံကိုအုပ်ချုပ်ရန်မသင့်ပါ။ ယခုလို ကျောသားရင်သားခွဲခြားပြီး အုပ်ချုပ်နေသဖြင့် လူငယ်အများစုဟာ နိုင်ငံရပ်ခြားသို့ရောက်ရှိနေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် brain drain အများဆုံးနိုင်ငံဖြစ်သည်ဟု စာရေးသူထင်မိပါသည်။

စစ်အစိုးရဟာ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှ ယခုအချိန်အထိ မြန်မာပြည်သူလူထုအပေါ် စိတ်ချမ်းမြေ့ဖွယ်ရာ၊ စိတ်ကျေနပ်စရာ ဘာတခုမျှ မလုပ်ပေးသေးပေ။


ယခုဆိုလျှင် Elections ကို ဒေါ်အောင်ဆန်းစုကြည် မပါပဲ အတည်ပြုနိုင်လိမ့်မည် မဟုတ်ကြောင်းနှင့် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အပြင်းအထန် တောင်းဆိုနေကြတာကို စစ်အစိုးရ အတော်လေး အကြပ်အတည်းဖြစ်နေသည်။

ခလရ ၃၂ တပ်ရင်းမှ ဗိုလ်ကိုကိုလွင်၊ ဒုအရာခံဗိုလ် ဌေးလွင်နှင့် အခြားအဆင့်ရဲဘော် ၁၀ ဦးထိုင်းသို့ ထွက်ပြေးလာမှုနှင့် နယ်စပ်ဒေသမှ လက်နက်ကိုင်အဖွဲ့များမှာလည်း စစ်အစိုးရကို ယုံကြည်မှု့ အနည်းငယ်မျှ မရှိခြင်းတို့သည် စစ်အစိုးရကို ပိုမိုအကြပ်အတည်း ဖြစ်စေပါသည်။

စစ်အစိုးနှင့် ဦးတေဇ များမကြာမီအချိန်အတွင်းမှာ သင်တို့အာဏာကျဆုံး တော့ပေမည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .