မြန်မာ့အရေး ဆောင်ရွက်ပေးနိုင်မည့် ဂျပန်လွှတ်တော်အမတ် Mr. SHIGERU ISHIGE

Anonymous | 4:11 AM |

၂၀၀၉ဇူလိုင်လ ၁ရက်နေ့ တိုကျိုမြို့ရှိ KOMO REBI HALL တွင် ထို မြို့နယ်မဲဆန္ဒနယ်၏ လွှတ်တော်အမတ် Mr. SHIGERU ISHIGE သည်လာမည့် ၁၄ရက်နေ့ရွေးကောက်ပွဲ ဝင် မည်ဖြစ်ကြောင်း မဲဆန္ဒရှင်များကို ဖိတ်ကြားအသိပေးပွဲ ညနေ ၆နာရီ တွင် ကျင်းပခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ကိုယ်စား ဦးမြသိန်းနှင့် အဖွဲ့ တက်ရောက်ခဲ့ပါသည်။


ဤပွဲသို့လာရောက်သူများထဲတွင် မြန်မာ့ဒီမိုကရေစီအရေးကို ရှေ့တန်းမှအားပေးနေသူ လွှတ်တော်အမတ် MR YOSHI NORI SUE MATSU ပါဝင်ခဲ့ရာ MR. SHIGERU ISHIGE ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တာဝန်ယူဆောင်ရွက်နေ သည် ဟုသိရှိရပါသည်။


THE DEMOCRATIC PARTY OF JAPAN (မင်ရှုတိုပါတီ)မှ အရေးပါသော လွှတ်တော်အမတ်များလည်းတက်ရောက်လာကြပြီး လှိုက်လှဲစွာ ထောက်ခံစကား ပြောကြားသွားကြပါသည်။ နောက်ဆုံးအစီအစဉ် တွင် ထိုမဲဆန္ဒနယ်၏ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်အမတ်မှ လက်ရှိအာဏာရ ဂျပန်အစိုးရ က အသိအမှတ်ပြုပေးသော နိုင်ငံရေးဒုက္ခသည် အရေအတွက်မှာ အခြားနိုင်ငံ များနှင့် အလွန်တရာ ကွာခြားစွာ နဲပါးလှခြင်းကို ဝေဖန် ပြောကြားခဲ့ပြီး မိမိ အနေနှင့် MR YOSHI NORI SUE MATSU နှင်. အတူ မြန်မာ့ ဒီမိုကရေစီ အရေး နှင့် နိုင်ငံရေးဒုက္ခသည်များ အတွက် ကြိုးစားဆောင်ရွက်ပါ မည်ဟုကတိပေး စကားပြောကြား လိုက်ပါသည်။ အဆိုပါပွဲကို ည၈နာရီခွဲ တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။
သတင်း။ ။စိုးအောင်ဝင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲ)

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .