ဒီပဲယင်းအရေးအခင်း ၇၅ လမြောက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဆန္ဒပြပွဲ

Anonymous | 12:39 AM |


ယနေ့ နေ့လည် ၃နာရီမှ ၄နာရီအထိ ဂျပန်နိုင်ငံတိုကျိုမြို့ရှိနာဂါဝါမြို့နယ် နအဖ စစ်အခွန်ရုံးရှေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲမှဦးဆောင်ကာ ဒီပဲယင်းအရေးအခင်း ၇၅ လမြောက်အထိမ်းအမှတ် ဆန္ဒပြပွဲ အခမ်းအနားကျင်းပခဲ့ပါသည်။ ဆန္ဒပြပွဲသို့ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုစုပေါင်းအင်အား ၁၃၀ ခန့် ပါဝင်ပူးပေါင်းခဲ့ကြပါသည်။ ယနေ့တနင်္ဂနွေနေ့ ဂျပန်ပြည်သူများ အလုပ်အနားယူရက်ဖြစ်နေခြင်းကြောင့် အများပြည်သူများကိုနှောက်ယှက်ရာမကျစေရန် ငြိမ်သက်အေးချမ်းစွာ ဆန္ဒပြခဲ့ကြပါသည်။ နောက်နေ့တွင်လည်း နေ့လည် ၃နာရီမှ ၄နာရီအချိန် နအဖအခွန်ရုံးရှေ့တွင်ဆန္ဒပြပါမည်။ မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော နအဖစစ်တပ်နှင့် မြန်မာလူမျိုးစုများဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု (MYANMAR NATIONAL DEMOCRACY ALLIANCE ARMY) `MNDAA` တိုက်ပွဲ ဖြစ်ပွားမှုနှင့်ပတ်သက်၍ စစ်အစိုးရ၏လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချရန် ဆန္ဒပြမည်ဟုသိရှိရပါသည်။ ဤပွဲသို့လည်း မြန်မာ့ဒီမိုကရေစီအင်အားစုများမှ ပါဝင်ပူးပေါင်းကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။
ပေးပို့သူ - ကိုစိုးအောင်ဝင်း

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .