မြန်မာနှင့်မြောက်ကိုရီးယားကိစ္စအတွက် အမေရိကန်သမ္မတနှင့် ဖိလစ်ပိုင်သမ္မတ ပူးပေါင်း

Anonymous | 2:47 AM |

ဒေါင်းမာန်ဟုန် ၊ မြန်မာနှင့်မြောက်ကိုရီးယားကိစ္စအတွက် အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ဖိလစ်ပိုင်သမ္မတ ဂလော်ရီယာ မာကက်ပါဂယ်-အာရိုယိုတို့ အတူတကွပူးပေါင်း ဆောင်ရွက်သွားရန် ကြာသာပတေးနေ့က သဘောတူညီမှုပြုခဲ့ကြသည်။

အာရိုယိုသည် အိုဘားမားနှင့် ပူးပေါင်းဆောင်ရွက်မည့် အာဆီယံ၏ပထမဆုံးသော ခေါင်းဆောင်ဖြစ်သည်။

"ကျွန်မတို့ဟာ မြန်မာနိုင်ငံအရေးများနဲ့ မြောက်ကိုရီးယားရဲ့ နျူးကလီးယားကိစ္စများကို ကိုင်တွယ်ဖြေရှင်းဖို့ရာ အမေရိကန်ရဲ့နောက်မှာ ရပ်တည်နေပါတယ် "ဟု အိမ်ဖြူတော်တွင် အိုဘားမားနှင့်အတူရှိစဉ် အာရိုယိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဘားရက်အိုဘားမားက အာဆီယံ၏ထောက်ပံ့မှုအတွက် အာရိုယိုကို ကျေးဇူးတင် စကားပြောကြားခဲ့ပြီး " မြန်မာပြည်မှာ ကာလကြာရှည်စွာဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုများနဲ့ မြောက်ကိုရီးယားရဲ့ နျူးကယားကိစ္စတွေကိုဖြေရှင်းဖို့ အခုလိုဖိလစ်ပိုင်ရဲ့ ထက်သန်တဲ့အားပေးမှုကိုမြင်တွေ့ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အင်မတန်မှဝမ်းသာမိပါတယ်။ "ဖိလစ်ပိုင်ဟာ အင်အားကြီးမားတဲ့ နိုင်ငံမဟုတ်ပေမယ့် လက်ဝှေ့စကားနဲ့ပြောရရင် နိုင်ငံတကာမှာ သူ့ရဲ့အလေးချိန်ကိုကျော်ထိုးလိုက်ခြင်းပါပဲ" ဟု အိုဘားမားက ဆက်လက်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူ
အိမ်ဖြူတော်က သမ္မတနှစ်ဦး ဆွေးနွေးပွဲမှာ မစ္စတာအိုဘားမားက ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အာရှရဲ့ စံတန်ဖိုးတွေပေါ် အခြေပြုပြီး လူ့အခွင့်အရေး ချိုးဖောက်မှု၊ မြောက်ကိုရီးယား အရေးကိစ္စတွေနဲ့ ပတ်သက်လို့ အခိုင်အမာ ရပ်တည်ပြောဆိုနေတဲ့အပေါ် အသိအမှတ်ပြု ပြောဆိုခဲ့ပါတယ်၊ ဒါ့ပြင် မစ္စတာအိုဘားမားက သူ့အနေနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို အလည်အပတ် သွားရောက်ဖို့ ရှိတဲ့အပြင် အာဆီယံနိုင်ငံတွေနဲ့ အမေရိကန်တို့ရဲ့ ဆက်ဆံရေးမှာ ဖိလစ်ပိုင်နိုင်ငံက ဦးဆောင်ဦးရွက် ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်၊ တွေ့ဆုံပွဲအပြီးမှာ ဖိလစ်ပိုင်သမ္မတ မစ္စက် အာရိုယိုက အမေရိကန်သမ္မတနဲ့ ဆွေးနွေးပြောဆို ခဲ့မှုတွေအပေါ် အလွန်နှစ်ထောင်းအားရဖြစ်မိတယ်လို့ ဖိလစ်ပိုင် သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်၊

ဒီအတောအတွင်း ဖိလစ်ပိုင်နိုင်ငံသား လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မနီလာမြို့က မြန်မာစစ်အစိုးရ သံရုံးရှေ့မှာ မနေ့က တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်၊

source။ ။ (rfa) http://www.breitbart.com/article.php?id=D99P4P900&show_article=1

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .