ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ချီတက်ဆန္ဒပြပွဲပြုလုပ်မည်

Anonymous | 2:19 AM |

ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများ မိမိတို့ခေါင်းဆောင်၏ အစီအစဉ်အတိုင်း ပူးပေါင်းဆောင်ရွက်နိုင်ကြစေရန် တင်ပြခြင်းဖြစ်ပါသည်။

၂၃-၈-၂ဝဝ၉ (တနင်္ဂနွေနေ့)တွင် ကျင်းပမည့် “ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး” ချီတက်ဆန္ဒပြပွဲ နှင့်ပတ်သက်၍ အောက်ပါအကြောင်းအရာများကို လေးစားစွာ အသိပေးအပ်ပါသည်။

1. စုရပ်အဖြစ် Ebisu ပန်းခြံအား နေ့လည် (၁)နာရီမှ (၃)နာရီထိ အသုံးပြုခွင့် ရရှိခဲ့ပါသည်။ သို့ပါ၍ ရဲခွင့်ပြုချက် ပုံစံဖြည့်ရန်အတွက် လိုက်ပါလိုသူများ တနင်္လာနေ့ (၁၇-၈-၂ဝဝ၉) မွန်းလွဲ (၃)နာရီတွင် Kasumigaseki ဘူတာအနီး ရဲချုပ်ရုံးရှေ့တွင် စောင့်ဆိုင်း၍ အတူတကွ ပါဝင်လုပ်ဆောင်ကြရန် ဖိတ်ခေါ်ပါသည်။

2. ချီတက်ဆန္ဒပြပွဲနေ့တွင် ပါဝင်ဆင်နွှဲမည့်သူများအား မွန်းလွဲ (၁)မှ စတင်စုရုံးပါမည်။ မွန်းလွဲ (၁)နာရီခွဲ တွင် အခမ်းအနား စတင်လျက် မွန်းလွဲ (၂)နာရီခွဲတွင် စတင်ချီတက်ဆန္ဒပြပါမည်။

3. ချီတက်ဆန္ဒပြပွဲ ဂိတ်ဆုံး ပန်းခြံမှာ Sendagaya ဖြစ်ပါသည်။

4. အခမ်းအနားဖွင့်ပွဲနှင့် ပတ်သက်၍၎င်း၊ ချီတက်ဆန္ဒပြပွဲအတွက် စည်းကမ်းထိန်းသိမ်းရေး၊ ရေသန့် ဗူးများ ဝေငှရေး၊ သတင်းပြန်ကြားရေး၊ အလံကိုင်နှင့် ပိုစတာ-နဖူးစည်းများ၊ ကြွေးကြော်သံများ၊ ဖိတ်ခေါ်မည့် ဂျပန်အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ အစရှိသည်တို့နှင့် ပတ်သက်၍၎င်း မိမိတို့ ပါဝင် လှုပ်ရှားမည့်အစီအစဉ်များကို အသေးစိတ်ဆွေးနွေးလိုပါက ကြာသာပတေးနေ့ (၂ဝ-၈-၂ဝဝ၉) နောက်ဆုံးထား၍ ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာ အကြောင်းကြားအပ်ပါသည်။

ဆက်သွယ်ရန်
ကိုသန်းဆွေ - (090-4964-9718)
ကိုမိုင်ကျော်ဦး (03-5968-4440)
ကိုမြင့်ဆွေ (090-7247-6099)
ကိုလွင်အောင်စိုး (090-6505-6858)

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .