မစ္စတာ ၀က်ဘ်နဲ့ ဟီလာရီကလင်တန် တွေ့ဆုံမည်

Anonymous | 12:23 PM |

၂၀၀၉ ခုနှစ်၊ Augustလ၊ ၁၆ရက်နေ့တွင် မစ္စတာယက်တောကို အင်းစိန်ထောင်အတွင်းကနေ အမေရိကန်သံရုံးကားနဲ့ သွားရောက်ခေါ်ထုတ်ခဲ့ပြီး လွတ်တော်အမတ်ဂျွန်ဝက်ဘ်နဲ့အတူ အမေရိကန်နိုင်ငံသို့ ပြည်တော်ပြန်ပြီဖြစ်ကြောင်း သိရသည်။

ထို့နောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ လွတ်တော်အမတ် ဂျွန်ဝက်ဘ်က သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ဝင်းအတွင်း ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ် ချမှတ်တာ ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တော ကိုပါ ဒီကနေ့ မြန်မာနိုင်ငံကအပြန်မှာ သူနဲ့အတူ ပြန်လည် ခေါ်ဆောင်လာခဲ့တာဖြစ်ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တွေ့ဆုံအပြီး ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချမှတ်မှုကနေ လွှတ်ပေးဖို့အပြင် လာမယ့်နှစ် စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေမှာပါ ပါဝင်ခွင့်ပြုဖို့လည်း တောင်းဆိုခဲ့ကြောင်း ပြောကြားသွားသည်။

တဆက်တည်းမှာပင် အထီးကျန်ဖြစ်နေတဲ့ မြန်မာလူထုအပေါ် ဖိနှိပ်မှုတွေ လုပ်နေတဲ့အစိုးရကို ပြုပြင်ပြောင်းလဲမှု တွေ လုပ်လာစေဖို့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံက သူ့ရဲ့ သြဇာအရှိန်အ၀ါကို သုံးပြီး ဖိအားပေးလုပ်ဆောင်ဖို့ တာဝန် ရှိသည်ကြောင်း၊ မစ္စတာ ၀က်ဘ် ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သောင်မတင် ရေမကျ ဖြစ်နေမှုတွေ အဆုံးသတ်စေဖို့ မြန်မာနိုင်ငံနဲ့ ပြည်သူပြည်သားတွေ သာယာဝပြောစေဖို့ နည်းလမ်း တွေကို ဆွေးနွေးဖို့ရှိတယ်လို့လည်း ပြောကြားခဲ့ပါသည်။
voanews.com မှ ကောင်နုတ်ဖော်ပြပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .