၂၁ နှစ်တိုင် မမေ့နိုင်ကြောင်း ရှစ်လေးလုံးအထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ တိုကျိုမြို့တွင် ကျင်းပ

Anonymous | 1:27 AM |

၁၉၈၈ မတ်လ ၁၃ ရက်နေ့ကစတင်ပြီး လှုံ့ဆော်လိုက်သော မီးပွါးတခုမှ ၁၉၈၈ သြဂုတ်လ ၈ ရက်၊ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး မြန်မာပြည်တ၀ှမ်းလုံး အတိုင်းအတာနှင့် ဖြစ်ပွားပြီး၊ တစ်ပါတီ အာဏာရှင်အစိုးရကို မြန်မာပြည်သူတို့ ဖြုတ်ချနိုင်ခဲ့သည်မှာ နှစ်ပေါင်း ၂၁ နှစ် ရှိခဲ့ပြီဖြစ်ပါသည်။

ထိုနေ့တွင် သွေးနဲ့ရင်းပြီး အသက်ပေးသွားကြသော ကိုဖုန်းမော် အပါအဝင် ၈၈ကျောင်းသားများ၊ ပြည်သူလူထုများ၊ အလုပ်သမားများနှင့် လယ်သမားများ အစရှိသော ၈၈ သူရဲကောင်းအပေါင်းတို့အား ၂၁ နှစ်တိုင် မမေ့နိုင်ကြောင်း၊ ၈၈ကို ပုံဖော်ပေးသွားသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများအား ချက်ချင်းလွတ်ပေးရေး အလိုရှိကြောင်းကို ဂျပန်ရောက် မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ ဂျပန်နိုင်ငံသားများနှင့် နိုင်ငံခြားသားများ စုစုပေါင်းအင်အား ၁၀၀၀ ကျော်ဖြင့်


ရှစ်လေးလုံးအထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ တိုကျိုမြို့၊ Gotanda ပန်းခြံတွင် ၂ နာရီတွင် စတင်စုဝေးပြီး၊ ၂၁ နှစ်တိုင် မမေ့နိုင်ကြောင်း ရှစ်လေးလုံး အဖွင့်အမှာစကားများကို ကိုသောင်းမြင့်ဦး NLD (LA )JP၊ ကိုဆလိုင်းယောအောင် (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF)၊ အမေရိကန်မှ ခေတ္တရောက်ရှိနေသူ ကိုမိုးသီးဇွန် တို့မှ ပြောကြားပေးကာ၊ နေ့လည် ၂ နာရီ ၄၅ မိနစ်မှာ စတင်ချီတက်ဆန္ဒပြ ခဲ့ကြပါသည်။

ထို့နောက် ချီတက်ဆန္ဒပြတဲ့သူတွေကို NLD(LA-JB)က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်မှု့ ကန့်ပိန်းအဖြစ် ဒေါ်အောင်ဆန်းစုကြည် မျက်နှာဖုံးများကို ကိုင်ဆောာင်ဖို့အတွက် ဝေငှပေးခဲ့ကာ Gotanda ပန်းခြံမှ ကြွေးကြော်သံများကို ကြွေးကြော်လျက် မြန်မာ စစ်အခွန်ရုံးရှေ့ကို ဦးတည်ထွက်ခွါပြီး Gotanyama ပန်းခြံတွင် ချီတက်ဆန္ဒပြပွဲကို ရုပ်သိမ်းကာ၊ မြန်မာ့အရေးအတွက် ဒီမိုကရေစီလှုပ်ရှားသူများနှင့် မြန်မာ့ဒီမိုကရေစီအရေးကို အစဉ်တစိုက်အားပေး ကူညီနေသော ဂျပန်လူမျိုးများမှ သဘောထားအမြင်များနှင့် မှတ်သားဖွယ်ရာများကို ပြောကြားကာ ညနေ ၄း၃၀ တွင် ချီတက်ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါသည်။

မှတ်တမ်းဓါတ်ပုံ - ဦးသန်းဝင်း၊ ကိုမင်းညိုဝမ်း၊ ကိုစိုးအောင်ဝင်း
သတင်းရေးသားသူများ - စိုးဝင်းရှိန်၊ ဖြိုးဝေ-mmp

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .