ဂျပန်ရောက်နေတဲ့ ဒီပဲယင်း တရားခံဌေးဦး မလိမ့်တပတ်ဖြေကြား

Anonymous | 3:33 AM |

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ အမြန်ဆုံး လွှတ်ပေးရန်နှင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပြုသင့်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး နာကာဆိုနေး က တိုက်တွန်း လိုက်တဲ့အကြောင်းအား ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း VOA သတင်းမှသိရသည်။

ထိုကြေညာချက်တွင် ဂျပန်နိုင်ငံရောက်နေတဲ့ ဒီပဲယင်း တရားခံဌေးဦး ပြောကြားချက်မှာ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကောင်းမွန်စွာ နေထိုင်သွားမယ်ဆိုရင်တော့ အမြန်ဆုံးပြန်လွှတ်ပေးမယ်လို့ တုံ့ပြန်သွားတဲ့ အကြောင်းကို ထည့်သွင်းရေးသားထားသည်။

ကောင်းမွန်စွာနေထိုင်နေသော်လည်း အိမ်ထဲလူဝင်ကြောင်းအတိအလင်း သတင်းပေးသည့်ကြားမှ အိမ်ရှင်ကို ဖမ်းတက်တဲ့ နအဖအစိုးရဟာ ၄င်းတို့ အကြံအစီမအောင်မြင်မချင်း မည်သို့မှ ပြန်လွှတ်ပေးရန် အစီအစဉ်မရှိကြောင်း သိသာထင်ရှားနေသည်။

မလိမ့်တပတ်ဖြေကြားသွားသော ဒီပဲယင်း တရားခံဌေးဦး ကို ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေမှ ဆန္ဒပြလှုပ်ရှားမှုများ အရှိန်တိုးမြှင့် လုပ်ဆောင်သွားမည်ဟု သိရသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .