ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြကြစို့

Anonymous | 5:31 PM |

ဒေါ်အောင်ဆန်းစုကြည် တင်ပြလိုသည့်အတိုင်း တရားဥပဒေ စိုးမိုးရေးဆိုသည်မှာ အဂတိလေးပါးကင်းသော၊ ချွတ်ယွင်းချက်ကင်းစင်သော၊ တရားမျှတသော၊ အပြစ်လည်းမဆိုနိုင်သော၊ ဉာဏ်ပညာနှင့် ကောင်းမြတ်သော စိတ်စေတနာနှင့် မြင်သာထင်ရှားကာ တာဝန်ခံနိုင်သည့် စီမံခန့်ခွဲမှုမျိုးဖြစ်သည်

ထိုကဲ့သို့သော တရားဥပဒေ စိုးမိုးရေး ကို မျက်ကွယ်ပြု ဆောင်ရွက်မည်ဖြစ်သော စစ်အစိုးရမှ မည်သို့ပြောင်းလဲ ဆောင်ရွက်မည်ကို မသိသေးသော်လည်း၊ ယခင်ကြေငြာထားသည့် အတိုင်းဆိုလျှင် မနက်ဖြန် သြဂုတ်လ ၁၁ရက်နေ့ မနက် ၁၀နာရီတွင် အမှုစီရင်ချက်ပြုလုပ် မည်ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက်နှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများသည် ယနေ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုဆန္ဒပြပွဲတခုကို စစ်အခွန်ရုံးရှေ့တွင်ပြုလုပ်ခဲ့ပါသည်။

အဆိုပါ တောင်းဆိုဆန္ဒပြပွဲကို ညနေ ၃ နာရီ မှ စတင်ပြုလုပ်ခဲ့ပြီး၊ လူအင်အား ၂၀ ခန့်တက်ရောက် ခဲ့ကြပါသည်။ စစ်အခွန်ရုံးရှေ့တွင် ကြွေးကြော်သံများကို ကြွေးကြော်ကာ ညနေ ၄ နာရီအထိ တောင်းဆိုဆန္ဒပြ ခဲ့ကြပါသည်။

မနက်ဖြန်တွင် နေ့လည် ၁၂ နာရီမှ စတင်ပြုလုပ်မည် ဖြစ်သဖြင့် တက်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .