မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆွေးနွေးရန် ဦးရဲထွဋ် ဂျပန်နိုင်ငံသို့ရောက်ရှိနေ

Anonymous | 1:24 AM |


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) အမေရိကန်ဌာနခွဲတွင် Co-founder တစ်ဦးအနေဖြင့်လည်းကောင်း၊ Core Menber of Excecutive of 88-Generation Students (Exile) တစ်ဦးအနေဖြင့်လည်းကောင်း၊ အခြားမြန်မာ့ဒီမိုကရေစီအရေးအတွက် လှုပ်ရှားဆောင်ရွက်နေသော ၈၈ ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးရဲထွဋ်သည် ဂျပန်နိုင်ငံသို့ရောက်ရှိနေကြောင်းသိရသည်။

၁။ ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိကြောင်း၊ ၂။ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်လိုလျင် စု လွတ် တွေ့ ဆိုသည့်အတိုင်း ဆောင်ရွက်စေလိုကြောင်း၊ ၃။ Federal စနစ်ကို သဘောတူကြောင်း စသည်တို့ကို ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်ကြောင်းသိရသည်။

ယနေ့ (AUN) ညီညွှတ်သော တိုင်းရင်သားများ အဖွဲ့အစည်းနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ညနေ ၆း၃၀မှ ည ၁၀း၀၀နာရီအထိ AUN ရုံခန်းတွင် အထက်ပါ အဓိကထားဆွေးနွေးလိုသော အချက် ၃ ချက်နှင့်အတူ BMC ဆိုသည့် အဖွဲ့အစည်းတခုကို ဖွဲ့စည်းတည်ထောင်မည် ဖြစ်ကြောင်းထည့်သွင်းပြောကြားသွားသည်။ ထိုပွဲတွင် AUN အဖွဲ့ဝင် ၂၀ ခန့်တက်ရောက်ခဲ့ကြသည်။

အခြားကျန်ရှိနေသော အဖွဲ့အစည်းများနှင့်လည်း ဆွေးနွေးလိုကြောင်းနှင့် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသည့် ပြည်ပနိုင်ငံများထဲတွင် ဂျပန်နိုင်ငံကို အားရကြောင်း၊ တန်ဘိုးထားလေးစားမိကြောင်း ပြောကြားသွားခဲ့သည်။

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .