ဂျပန်ရောက်နေတဲ့ ဒီပဲယင်း တရားခံဌေးဦး တည်းခိုတဲ့ ဟိုတယ်ရှေ့တွင် ခွပ်ဒေါင်းအလံတော်လွှင့်တင်

Anonymous | 4:51 PM |


တိုကျို၊ သြဂုတ်(၂၄)
သန့်မျိုးထွေး
ဂျပန်အစိုးရ၏ တရားဝင်ဖိတ်ကြားချက်ဖြင့် ပြီးခဲ့သည့် ကြာသာပတေးနေ့က ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ရောက်ရှိနေသည့် နအဖလယ်ယာ စိုက်ပျိုးရေးဝန်ကြီးနှင့် ကြံ့ဖွံ့အသင်းအတွင်းရေးမှူးဦးဋ္ဌေးဦး ခေတ္တနေထိုင်တည်းခိုရာ တိုကျိုမြို့၊ ယိုဆုယ အရပ်ရှိ နယူးအိုတာနိဟော်တယ်ရှေ့တွင် ဒီမိုကရေစီတိုက်ပွဲခေါ်သံ ABSDF ခွပ်ဒေါင်းအလံတော်ကို ဂျပန်၊ တရုတ်၊ ထိုင်း၊ မြန်မာအလံတို့နှင့်အတူ လွင့်တင်ခဲ့ကြောင်းသိရသည်။

ဂျပန်ရှိဒီမိုကရေစီအရေးလှုပ်ရှားသူများ၏ လှုပ်ရှားမှုတခုအနေနှင့် လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းသို့လွင့်တင်ထားမှုကို ဟော်တယ်တာဝန်ရှိသူများနှင့်လုံခြုံရေးတို့ မသိရှိလိုက်နိုင်ဘဲ မနက် ၅ နာရီအချိန်ခန့်မှစ၍ အချိန်အတော်ကြာကြာလွင့်တင်နိုင်ခဲ့ပြီး မနက် ၁၀ နာရီအထိကြာမြင့်ခဲ့ကြောင်း မျက်မြင်တဦး၏ အဆိုအရသိရသည်။

“နအဖစစ်အစိုးရရဲ့ မတရားတဲ့လုပ်ရပ်တွေ၊ လူအခွင့်အရေးချိုးဖောက်နေတာတွေ၊ လူထုခေါင်းဆောင်ကို မတရားအမှုဆင်ပြီး ဆက်လက်ဖမ်းဆီးထိမ်းသိမ်းထားတာတွေကို ရပ်တန်းကရပ်ဖို့နဲ့ လူထုခေါင်းဆောင်နဲ့ နိုင်ငံရေးအကျဉ်သားတွေ လွတ်မြောက်ဖို့ကို ရည်ရွယ်ခြင်းပါ...။” ကိုယ်တိုင်လွင့်တင်ခဲ့သူတဦးကဆိုသည်။

ဂျပန်နိုင်ငံသို့ ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် နအဖနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းလာရောက်ပြီးသည့်နောက်ပိုင်း မြန်မာနအဖစစ်အစိုးရ၏ အဆင့်မြင့်ဝန်ကြီးတဦး၏ ပထမဦးဆုံးခရီးစဉ်ဖြစ်ကြောင်းသိရပြီး ၄င်းရောက်ရှိနေစဉ်ကာလအတွင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးနှင့် ခေတ္တနေထိုင်တည်းခိုရာ နယူး အိုတနိဟော်တယ်တို့တွင် ဂျပန်ရောက်ဒီမိုကရေစီလှုပ်ရှားသူများက သွားရောက်ဆန္ဒပြကြကြောင်းသိရသည်။

ဦးဋ္ဌေးဦး၏ခရီးစဉ်သည် လယ်ယာစိုက်ပျိုးရေးနှင့်ပါတ်သတ်မှုရှိသည်ဟုဆိုသော်လည်း အမှန်တကယ်တွင်မှု ဂျပန်အစိုးရနှင့်မြန်မာစစ်အစိုးရတို့အကြား ဆက်ဆံရေးကို မြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်သည်ဟုလည်း သိရပြီး ၄င်း၏ ၇ ရက်တာခရီးစဉ်အတွင်း မြန်မာ့အရေးနှင့်ပါတ်သတ်၍ ဆွေးနွေးသွားဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .