ချိုကုပ်ဒူးဂျီးကြီးထံ သတင်းပေးပို့ အစီရင်ခံစာ

Anonymous | 10:36 PM |

အဘရေ..
ကြားပြီးရောပေါ့ ဖိနပ်သတင်း။
ဒေါသတွေ သိပ်မပြင်းပါနဲ့ 
စိတ်တော့ အားတင်းပါ အဘ..
တော်ကြာ နတ်ရွာစံ မာလက သွားဦးမယ်။

အော်...အဘရယ်
ဒီလမ်းကို လာကတည်းက..
ကျနော်တို့ လက်မရွံ့ အသေခံသမားတွေပါ..
မိုးသီးဇွန် မှာသာ..အ၀ှါ ရှိ…
ကျနော်တို့မယားတွေ မုဆိုးမဖြစ်နေပြီပေါ့အဘရယ်..

တော်သေးတယ်..
မကျည်းသား ခုံဖိနပ်မဟုတ်တဲ့
ပစ်ခံရတဲ့ အီတလီ မိတ် ရှူးဖိနပ်တဖက်..
ပြောင်ပြောင်လက်လက် အရောင်ထွက်
နူဖတ်နေတဲ့ သားရေအစစ်
ဝန်ကြီးသာဖြစ် ကျနော် မစီးဖူးပါဖူး
တစ်ဖက်ထဲမို့ သာ ကောက်မလာဖြစ်တာ.
၂ ဖက်သာဆို အတော်ဘဲ
နောက်တခါ UN အစည်းအဝေးတက် ၀တ်လို့ ရတယ်။
အလကား ဖိနပ်အကောင်းစားရ နည်းလား..
မှန်ပစေဗျာ..မနာပါဖူး.
ကျနော့ မျက်နှာထူပြီးသား
နအဖ ဆိုတာ အလကားရမှာ အကုန်ဝါး..

Sturburg ကော်ဖီတခွက်..
Mr Creater ပက်တာတဲ့
ကျနော့ အသဲစွဲ ကော်ဖီပေါ့
အမလေး ..ပြောရင်း
ခုထိ တောင် ကော်ဖီနံ့ လေးရသေးတယ်..
လက်ခုံပေါ်က လာစင်တဲ့ အစအနကလေးကို ရက်
ကောင်းလိုက်တဲ့ ကော်ဖီအရသာ…
နအဖ ငတ်ကြီး ဒီလောက်ကျတာ သိမှပေါ့
နှမြောစရာ… ကျနော့ တိုက်လိုက်ရင်ပြီးရောဗျာ..

ကားက မှန်လုံပိတ်..
ဖိနပ်ကြီးလာတာ ကြောက်ရွံ့ မျက်စိမှိတ်..
ကျနော် အသဲထိတ်တယ်..
ဘုရား..ဘုရား..
TV သမား ရှေ့တည့်တည့်
မဲနေတဲ့ ကျူပ်မျက်နှာ မရိုက်မိပါစေနဲ့ 
နအဖ စစ်သား.ဆိုတာ
ဘုရင်နောင်စစ်သားလို အပ်ရိုက်မသွင်းရဲဖူး
ပုရွက်ဆိတ်ကိုက်တောင်.အားလားလား.အော်
သူများအသက်သာ..သတ်လို့ ကောင်းတာနော်
ကြည့်ပါလား အဘဆို..စစ်မတိုက်
ထိုင်ဖုံပေါ်မှာ..မိန့် မိန့် 
ဖင်အရသာခံနေတာတစိမ့်စိမ့်။

ကိုကြီးသိန်းစိန်ကားကတော့ လမ်းဗြောင်းပြန်မောင်းပြေး
ကြည့်ကောင်းတယ် သဲထိတ်ရင်ဖိုပေါ့
ဂျိမ်းစ်ဘွန်း action လောက်တော့ အပျော့ပေါ့..
ပြောင်ကြီးကတော့ ကားထဲ မြော့မြော့ရယ်
ဟော်တယ်ကျခါမှ..ကတိုးနှာဆေးနဲ့ နှာနှပ်..
အမွှေးမရှိတဲ့ ငယ်ထိပ်ကို ယပ်ခတ်
မီးမကင်ဆေး တိုက်လိုက်မှ အတက်ကျတယ်..
အခုတော့ ကောင်းသွားပါပြီ..အဘရယ်

ကျနော်လား..အော် ဘယ်ရမလည်း အဘရာ..
ဥာဏ်ဝင်းပါဗျ..
ဘုရှ်ထက်အရှောင်ကောင်းတာပေါ့
ကြက်ဥပုပ် ညာဘက်လာ ဘယ်ဘက်ရှောင်
ခရမ်းချဉ်သီးပုပ် မထိအောင် အသက်အောင့်ရှောင်
အဘနဲ့ပေါင်းကထဲက..
ဒီအပုပ်တွေ လာမှ သိပြီးသာ အသေအချာ
ငုံ့ ရှောင် ခုန်ဆွ..ကုန်းကွ ထိုင်ချ
ဘယ်တိမ်းညာယိမ်း..
ရီဟာဇယ် အကြိမ်တစ်သိန်းကျင့်ထားတယ်။။
နအဖ မှာ လူရာဝင်ချင်..
ရှောင်နည်း..လိမ်နည်း ပုပ်နည်း တတ်မှရတယ်။

အဘရေ..
ဘယ်သူ မယုံယုံ..ပီအောင်သာ လိမ်ယုံဘဲ..
ဆန်ရှင် ပြန်ဖွင့်..ကျုပ်တို့ ကောင်းစားခွင့်ချည်းဘဲ..
ရရ မရရ..အဆုံးမှ မရှိ
နအဖ ကောင်းကျိုးသာရှိ..
ကျနော်..ခဲဘဲ ထိထိ..
ချီးပေဖိနပ်စာဘဲ မိမိ..
ရှေ့ တန်းတိုက်စစ်မှူး ကျနော်နဲ့ ပြောင်ကြီးရှိတယ်..
ဟီး..သိပ်တော့ ကြောက်ပါဖူး..
သွေးတက်တာလေးနည်းနည်း..
၁၆၀ ကျော်ရုံလေးဘဲ ဖြစ်တာပါ။..
အဘ ဖို့ ဆို..
ကျနော်တို့  သေချင်သေပါစေဗျာ..
အိုဘာမားစီးတဲ့ သံချပ်ကာကားမျိုးဘဲ
အဘ ၀ယ်ပေးပါ
မိုးသီးဇွန်လောက်ကျ ရယ်တာပေါ့။
ဘင်လာဒင်ဗုံးလောက်တောင် အပျော့

အဘရေ..စိတ်ပူမနေနဲ့ 
တံတွေးထွေးတာ ကျည်ဆန်လို အသက်မထွက်ပါဘူး..
ဘဲဥပုပ်စော်နံ့  ရန်ကုန်အမှိုက်ပုံလောက်အနံ့ မဆိုးသေးပါဘူး။
ဖိနပ်နဲ့ပေါက်တာ..ကျနော်တို့ ရာဇအိနြေ္ဒမပျက်သေးပါဘူး..

ကျနော်တို့  ပြန်မရောက်ခင်..
ဖိနပ်သတင်းအပြင်မထွက်..
မြန်မာသတင်းစာကို နှုတ်ပိတ်ထားပေးပါ။
ကျနော်တို့ ရဲ့ ပြုံးနေတဲ့ ဓါတ်ပုံပြ..
ပြည်သူကိုသာ လိမ်ထားနှင့်..
ကျနော် ဂျင်ဝက်ကို ကျောက်ပြ လာဘ်ထိုးနှင့်မယ်။
အောင်ပွဲခံရ..ကျေးဇူးမမေ့ကြေးနော် အဘ..
နေရွှေသွေးအောင် အကျ..မော်ဒယ်မ..
အနှိပ်ခံရရင်..တော်ပါပြီ..
အဘ အသိဘဲနော်..
ဥာဏ်ဝင်း ဘာကြိုက်တတ်သည်။

မသဒ္ဓါ (၉။၂၉။၂၀၀၉)

အ၀ှါ ဆိုသည်မှာ..လက်နက်ခဲယမ်း ကို ဆိုလိုပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .