သံဃာတော်များ စုပေါင်းဆန္ဒပြမည်ဟူသော သတင်းများထွက်ပေါ်ပြီးနောက် တက္ကသိုလ်စာမေးပွဲကို ယမန်နှစ်ကထက် စောစီးစွာဖြေခိုင်း

Anonymous | 3:39 AM |

မင်းအာသံ / မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်စသည့် ကျောင်းများတွင် ပညာဆည်းပူးနေသော တက္ကသိုလ်ကျောင်းသား/သူများသည် စက်တင်ဘာလအတွင်း စာမေးပွဲ အပြီးဖြေဆိုရမည်ဟု သိရသည်။

ထိုသို့ စာမေးပွဲစောစီးစွာ ဖြေဆိုရခြင်းသည် တက္ကသိုလ်ကျောင်းသား/သူ များနှင် သံဃာတော်များ စုပေါင်းဆန္ဒပြမည်ဟူသော သတင်းများထွက်ပေါ် နေပြီးနောက် မြန်မာအာဏာပိုင်တို့က စာမေးပွဲကို ယမန်နှစ်ကထက် စောစီးစွာပေးဖြေခိုင်းသည်ဟု တက္ကသိုလ်အသိုင်းအဝိုင်းမှ ကျောင်းသား/သူ များ၏ ပြောကြားချက်အရ သိရပါသည်။

“ဒီနှစ် ကျနော်တို့ စာမေးပွဲဖြေဆိုရတာ မနှစ်ကထက် စောနေတယ်။ ခါတိုင်းနှစ်ဆိုရင် စက်တင်ဘာ ၃ ရက် နေ့ လောက်မှ စပြီး အတန်းသင် စာမေးပွဲကြီး ဖြေဆိုရတယ်။ ဒီနှစ်က စက်တင်ဘာ လဆန်းပိုင်းမှာပဲ ကျွန်တော်တို့ စာမေးပွဲ ဖြေပြီးသွားပြီ။ နောက်ပြီး ကျနော်တို့ ကြားတာကတော့ ဒီစက်တင်ဘာ လအတွင်းမှာ ကျောင်းသားနဲ့ သံဃာတော်များ စုပေါင်းဆန္ဒပြမည့် သတင်းကြောင့် အခုလိုစောစောစီးစီး စာမေးပွဲဖြေဆိုခိုင်းတယ်။ အကယ်လို့ ဆန္ဒပြခဲ့ရင် ကျောင်းသားတွေ စုစုရုံးရုံးမပါဝင်ရအောင် အခုလိုလုပ်လိုက်တယ်”ဟု ကွန်ပျူတာ တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။

ကွန်ပျူတာတက္ကသိုလ်ကျောင်းသား/သူများ စာမေးပွဲဖြေဆိုတုန်းကလည်း ထူးဆန်းသည့် မေးခွန်းတစ်ခုပါဝင်ပြီး ၄င်းသည် နိုင်ငံရေးနဲ့ပတ်သက်တဲ့ မေးခွန်းဖြစ်ကာ ‘အမိနိုင်ငံတော်အတွက် ဘယ်လို ဥပဒေမျိုး လိုက်နာ ဆောင်ရွက်သင့်သလဲ’ ဆိုတဲ့ အဓိပ္ပာယ်ကို အင်္ဂလိပ်လို ရေးထားသည်ဟု ၄င်းကျောင်းသားက ဆက်ပြောသည်။

မြန်မာစစ်အစိုးရက အထူးသဖြင့် နည်းပညာတက္ကသိုလ် ကျောင်းသား/သူ တွေကို ပိုပြီ သတိထားနေသည်ဟု နည်းပညာတက္ကသိုလ်ကျောင်းသား တစ်ဦးက ပြောသည်။ အဘယ်ကြောင့်ဆိုတော် လွန်ခဲ့သော ၈-၈-၈၈ အရေးအခင်းမှာ စက်မှုကျောင်း(ခေါ်) နည်းပညာတက္ကသိုလ်ကျောင်းမှ ကျောင်းသားများကနေ စတင်ဆန္ဒပြခဲ့သောကြောင့် ဖြစ်သည်။

ယမန်နှစ်က နည်းပညာတက္ကသိုလ်တွင် နောက်ဆုံးနှစ်ကျောင်းသား/ သူ များအနေနှင့် အတန်းသင်စာမေးပွဲကြီး ဖြေဆိုပြီးသောအခါ တစ်လနီးပါး ခန့် လက်တွေ့ခရီးထွက်ခဲ့ရသည်ဟု သိရသည်။ သို့သော် မြန်မာစစ်အစိုးရ က ကျောင်းသားများ စုပေါင်းပြီး ဆူပူမှုဖြစ်လာမည်ကို စိုးရိမ်းသောကြောင့် ယခုနှစ်တွင် လက်တွေ့ပိုင်းဆိုင်ရာ ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု နည်းပညာတက္ကသိုလ် ဆရာ/ ဆရာမ အသိုင်းအဝိုင်းမှ သိရသည်။

ကွန်ပျူတာ တက္ကသိုလ် ပထမနှစ် ကျောင်းသူတစ်ဦး၏ ပြောဆိုချက်အရ “ကျမတို့က တက္ကသိုလ်တက်ရဖို့အရေး ဆယ်တန်းမှာ အမှတ်ကောင်း ကောင်းရအောင် ကြိတ်မှိတ်ပြီ ကြိုးစားခဲ့ရတယ်။ ကွန်ပျူတာတက္ကသိုလ် ရောက်တော့မှ အခုလိုအမျိုးမျိုး ကြားနေရတော့ နောင်နှစ် တက်ရဦးမ လား မတက်ရတော့ဘူးလား သေချာမသိသေးဘူး။ ကျမတို့က ဒီနှစ်လိုမျိုး နောင်နှစ်လဲ တက္ကသိုလ်ကျောင်း ဆက်တက်ချင်တယ်။”ဟု ၄င်းက ဆက်ပြောသည်။
monnews-imna.com မှ ရယူသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .