ကြံ့ဖွံ့အသင်းမှ လူငယ်များကို ကျေး/ရွာအလိုက် လိုက်လံစည်းရုံးနေ

Anonymous | 11:35 AM |

မင်းအာသံ / မွန်ပြည်နယ်အတွင်းရှိ ကျေးရွာတွေမှာ ၂၀၁၀ ရွေးကောက်ပွဲအတွက် မြန် မာစစ်အစိုးရ၏ ကျောထောက်နောက်ခံ ဖြစ်သည့် ကြံ့ဖွံ့အသင်းမှ ကျေး ရွာအလိုက် လိုက်လံစည်းရုံးရေးဆင်းနေသည်ဟု သိရပါသည်။

လွန်ခဲ့သည့် နှစ်လခန့်ကစပြီး ကြံ့ဖွံအသင်းမှ မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဒေသများတွေမှာ စတင်လှုပ်ရှား စည်းရုံးရေးဆင်းနေသည်ဟု ဒေသ ခံကြံ့ဖွံ့အသင်းနှင့် နီးစပ် သူတစ်ဦးက ပြောသည်။

“မြန်မာအာဏာပိုင်တို့က ၁၀ တန်း ဖြေဆိုထားတဲ့ကျောင်းသားတွေနဲ့ ဘွဲ့ရ ကျောင်းသားတွေကို အဓိက ထားပြီ ၂၀၁၀ ရွေးကောက်ပွဲအတွက် ကျနော် တို့ကို စည်းရုံးရေးလိုက်ဆင်းခိုင်းနေတယ်။ သူတို့က ကျနော်တို့ကို တစ်လ အတွင်း အနည်းဆုံး

နှစ်ယောက် အများဆုံး ၁၀ ယောက် နှုန်းနဲ့ စည်းရုံးရ မယ်လို့ ညွှန်းကြားခဲ့တယ်။” ဟု ၄င်းက ဆက်ပြောသည်။

အာဏာပိုင်မှတဆင့် ကြံ့ဖွံ့အသင်းကို ညွှန်းကြားပြီ စည်းရုံးထားသော မျိုး ဆက်သစ် ကျောင်းသားများကို မုဒုံမြို့ကြံဖွံ့ရုံမှာ နိုင်ငံရေးနှင့်ပတ်သက် သောအကြောင်းနှင့် သတင်းမီဒီယာများအကြောင်းကို ရှင်းလင်း ပြော ကြားခဲ့သည်ဟု ၄င်းသင်တန်းကိုတက်ခဲ့သည့် ကျောင်းသား သူတစ်ဦးက ပြောသည်။

“ကျနော်တို့က မုဒုံကြံ့ဖွံ့ရုံမှာ တစ်လ တစ်ခါ ပြုလုပ်တဲ့ ဟောပြောပွဲ တွေကို သွားနာထောင်ရတယ်။ ဟိုမှာတော့ သတင်းနှင့်ပတ်သက်တဲ့ အကြောင်း ရယ်။ ဘယ်လိုဖြစ်ပြီ သတင်းဆိုတဲ့ စကားလုံးကို ခေါ်နေရတဲ့အကြောင်း ရယ်၊ နောက်ပြီ ရွေးကောက်ပွဲမှာ သံအမတ် ဘယ်နှစ်ယောက် ပါဝင်ရမယ့် ကိစ္စရယ်၊ ပြောတာတော့ ဆုံနေတာပဲ၊ ကျနော်သတိထားမိတာ တစ်ခုရှိ တယ်၊ လာရောက် ဟောပြောတဲ့လူ နာမည်တော့ မိတ်မဆက်သွားဘူး”ဟု ၄င်းက ဆက်ပြောသည်။

ဒီလိုမျိုးလိုက်လံ စည်းရုံးရေးလိုက်ဆင်းရခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲ အတွက် မြန်မာစစ်အစိုးရ၏ ပေါ်လစီ တစ်ရပ် ဖြစ်နိုင်ကြောင်း နိုင်ငံရေး လှုပ်ရှားနေသော ဒေသခံတွေက ယူဆနေသည်။

မုဒုံမြို့နယ်၊ မွန်ပြည်နယ်ဒေသတွေမှာ စည်းရုံးရေးမဆင်းမှီ မြို့ခံအာဏာပိုင် တို့က မုဒုံမြို့ ကြံ့ဖွံ့ရုံအသင်း၏ ကိုယ်စားလှယ် တစ်ယောက်ဆီခေါ်ပြီ မတက် မနေရ အစည်းအဝေးခေါ်ခဲ့သည်ဟု ဒေသခံ၏ ပြောပြချက်အရ သိရပါ သည်။

ကရင်ပြည်နယ်ရှိ ကျေးရွာတွေမှာလည်း ကြံ့ဖွံ့အသင်းမှ လူငယ်များကို လိုက်လံစည်းရုံးနေသည်ဟု သိရပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .