အီတလီအစိုးရမှ နာဂစ်ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ၅ သန်းကျော် ထောာက်ပံ့မည်

Anonymous | 4:19 PM |

ဖြိုးကြီး ။ ရိုးမ ၃ / နာဂစ်မုန်တိုင်း ဒဏ်သင့်ဒေသအတွင်း ပြန်လည်ထူထောင်ရေးနှင့် စပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ကနေတဆင့် အီတလီအစိုးရက အမေရိကန်ဒေါ်လာ ၅.၂၈ သန်း ကူညီထောက်ပံ့မည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ငါးဖမ်းလုပ်ငန်းဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

အဆိုပါ အကူညီပေးငွေများကို စိုက်ပျိုးရေးလုပ်ငန်းများ၊ ကန်းရိုးတန်းဒေသမှ အသေးစား ပင်လယ်ငါးဖမ်း လုပ်ငန်းများနှင့် ငါးမွေးမြူရေးလုပ်ငန်းများနဲ့အတူ ဆန်ထုတ်လုပ်ရေးလုပ်ငန်း စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် အသုံးပြုမည်ဖြစ်သည်။

ယင်းထောက်ပံ့မှုသည် ဧရာဝတီတိုင်းအတွင်း နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဒေသမှ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း ၃၂၀၀၀ ကို အကျိုးပြုမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မကြာသေးခင်ကာလက FAO အနေဖြင့် ဂျပန်အစိုးရနှင့်ပူးပေါင်း၍ ကျွဲနွား ၈၀၀ ကျော်ကို နာဂစ်ဒေသ စိုက်ပျိုးရေးနှင့် လယ်ယာကဏ္ဍတွင် သုံးရန်အတွက် ထောက်ပံ့ပေးခဲ့သည်။

ယင်းကျွဲနွားများကို ဘိုကလေးမြို့နယ်၊ လပွတ္တာမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်နှင့် ငပုတောမြို့နယ်များအတွင်းရှိ လယ်သမား ၄၀၀ ကို ဝေငှခဲ့ပြီး ယင်းဒေသတွင်းရှိ စိုက်ပျိုးမြေမရှိသည့် မိသားစုပေါင်း ၂၈၀၀၀ အတွက် ကြက်၊ ဘဲ၊ ဝက်များကို ဝေငှခဲ့ပြီဖြစ်ကြောင်း အစောပိုင်းက ထွက်လာတဲ့ ဒေသတွင်းသတင်းအရ သိရသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .