ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့် ဆန္ဒပြလှုပ်ရှားမှုပွဲကို ထိုင်းနိုင်ငံတွင် ကျင်းပ

Anonymous | 3:35 AM |


ဖြိုးဝေ-mmp / ဘန်ကောက်မြို့ရဲ့ Sarhton လမ်းမအနီးတွင်ရှိသော မြန်မာစစ်အခွန်ရုံးရှေ့တွင် ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့် ဆန္ဒပြလှုပ်ရှားမှုပွဲကို စတင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီခန့်မှစတင်ကာ ကျင်းပပြုလုပ်ခဲ့သည်။ သံဃာတော်များပါဝင်ခဲ့ကြပြီး အင်အား ၅၀ ကျော်ဖြင့် ၂ နှစ်ပြည့် ဆန္ဒပြလှုပ်ရှားမှုပွဲကို ပြုလုပ်ခဲ့ကြသည်။ ထိုဆန္ဒပြလှုပ်ရှားမှုပွဲတွင် လုံခြုံရေးများမှ ဆန္ဒပြသူများကို တုတ်နှင့်ရိုက်ကာ စည်းကမ်းထိန်းသိမ်းနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိစေရန် ဟန်ဆောင်ကာ ပြုလုပ်ခဲ့ကြသည်။

ယခုတလောအတွင်း မြန်မာသံရုံးရှေ့တွင် သတင်းဌာနများအတွက် သတင်းယူထောက်လှန်းနေသူများကို ရိုက်လို့မဖြစ်လောက်အောင်ကို အနှောက်အယှက်ပြုတာကို ခံခဲ့ရကြောင်း၊ သတင်းရိုက်နေတုန်းမှာ ပခုံးကိုပုတ်ပြီး အပြင်ပိုခေါ်တာကို စိတ်မကောင်းစရာ မြင်လိုက်ရကြောင်း သတင်းထောက် တစ်ဦး၏ ပြောပြချက်အရသိရသည်။ “လုံခြုံရေးဟာ စိတ်ပျက်စရာဖြစ်နေပါတယ်”ဟု ထိုသတင်းထောက် ကဆိုသည်။

ထိုင်းနိုင်ငံသည် နိုင်ငံတကာသတင်းဌာန ပေါင်းစုံကသတင်းထောက်တွေ ပြီးခဲ့တဲ့ကာလတွေ အတွင်းဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွေမှာ ဆန္ဒပြဖို့လာတဲ့ လှုပ်ရှားတက်ကြွသူ တွေအပြင် မြန်မာသတင်းဌာန သတင်းထောက်တွေကိုပါ တစ်ဦးချင်း ဓါတ်ပုံ၊ ဗွီဒီယိုများရိုက်ကူးပြီး ထိုင်းပုလိပ်တွေ၊ ထိုင်းထောက်လှမ်းရေး တွေအပါအ၀င် မြန်မာထောက်လှမ်းရေးအချို့နဲ့ မြန်မာသတင်းပေးအချို့တို့ဟာ ဓါတ်ပုံရိုက်ပြီး မြန်မာသံရုံးကိုရောင်းစားခြင်း၊ မြန်မာသံရုံးမှလည်း ငွေပေးပြီးဓါတ်ပုံရိုက်ခိုင်းထားကြောင်း အထောက်အထားသတင်းများ အရသိရသည်။ မြန်မာ့အရေးလှုပ်ရှား တက်ကြွသူတွေနဲ့ မြန်မာသတင်းထောက်တွေရဲ့ လိပ်စာတွေကိုလည်း အထူးစုံစမ်းနေသည်။

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .