ဘဘဦးဝင်းတင်အား အကျဉ်းကျနိုင်ငံရေးသမား မိသားစုဝင်များ ကန်တော့

Anonymous | 1:20 AM |

ဝါရင့်နိုင်ငံရေးသမားကြီး ဟံသာဝတီ ဦးဝင်းတင်အား အကျဉ်းကျ နိုင်ငံရေးသမား မိသားစုဝင်များက ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို ဦးတင်ဝင်း(ဒဂုံဝင်း)နှင့် ဦးမင်းဆွေတို့က ဦးဆောင်၍ အကျဉ်းကျနိုင်ငံရေးသမား မိသားစုဝင်များ၊ ဦးဝင်းတင်အား လေးစားချစ်ခင်ကြသူ ၄၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြောင်း ကိုယ်တိုင်သွား ရောက်ခဲ့သူတဦးက ပြောသည်။

အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ “ရည်ရွယ်ချက်က အကျဉ်းကျနိုင်ငံရေးသမား မိသားစုတွေ တယောက်နဲ့တယောက် မိတ်ဆက်တွေ့ဆုံကြမယ်။ နိုင်ငံရေးသမားတွေ စုစည်းပြီး တိုင်တိုင်ပင်ပင်နဲ့ တွေ့ခွင့်ရတဲ့ သဘောပါ” ဟု ပြောသည်။

အခမ်းအနားကို နံနက် (၈) နာရီခွဲတွင် စတင်၍ အဘဦးဝင်းတင်အား ကန်တော့ပြီးနောက် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များကို အဘဦးဝင်းတင်က အမှာစကားများပြောကြားကာ ကဗျာများ ရွတ်ဆိုခဲ့ကြောင်း ကိုယ်တိုင် သွားရောက်ခဲ့သူက ဆက်လက်ပြောသည်။

“နိုင်ငံရေးသမားတွေအနေနဲ့ ထောင်ကို မကြောက်ဖို့၊ သစ္စာရှိရှိ ဇွဲရှိရှိနဲ့ ဒီမိုကရေစီမရမချင်း ဆက်လုပ်သွားဖို့ ဘဘဦးဝင်းတင်က အဓိကထား ပြောသွားတယ်။ ၂၀၁၀ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်တာကိုတော့ ပြောသွားတာမရှိဘူး” ဟု ၎င်းက ဆက်ပြောသည်။

ယင်းအခမ်းအနားကို အာဏာပိုင်များဘက်မှ တစုံတရာ နှောင့်ယှက်တားမြစ်ခြင်းမရှိသော်လည်း ဓါတ်ပုံရိုက်၊ မှတ်တမ်းယူ၍ စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ပြောသည်။

“ကျနော်အနေနဲ့ကတော့ နိုင်ငံရေးအကျဉ်းကျ မိသားစုဝင်တွေ အခုလိုလာရောက်ကြပြီး ဘဘဦးဝင်းတင်ကို နိုင်ငံရေး ဝါရင့်ပုဂ္ဂိုလ်တယောက်အနေနဲ့ လာရောက်ကန်တော့ရတဲ့အတွက် ဂုဏ်လည်း ဂုဏ်ယူတယ်၊ လေးလည်း လေးစားတယ်။ အဖွဲ့တွေလည်း စုံစုံလင်လင်နဲ့ တွေ့ပြီး ရှေ့ဆက် နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ဆက်လုပ်သွားနိုင်ရေးအတွက် မျှော်လဲမျှော်လင့်တယ်။ ကျနော်အနေနဲ့ ဒီလိုအခမ်းအနားတွေ ဆက်ပြီး လုပ်သွားနိုင်ရင် နိုင်ငံရေးလမ်းကြောင်းပေါ်ကို ပြည်သူလူထုတွေပါ ပိုပြီး ပါဝင်လာနိုင်မယ်လို့ ထင်ပါတယ်” ဟု သွားရောက်ခဲ့သူတဦးက ပြောသည်။ http://www.yoma3.org/ မှရယူပါသည်။

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .