လူ့အခွင့်အရေးကော်မရှင်မှာ သြဇာအာဏာမရှိဟု လူမှုအဖွဲ့ ထောက်ပြ

Anonymous | 2:56 AM |

၁၅ ကြိမ်မြောက် အာဆီယံထိပ်သီးညီလာခံကို ထိုင်းနိုင်ငံတောင်ပိုင်း ဟွာဟင်းမြို့မှာ လာမဲ့ အောက်တိုဘာ ၂၃ ရက်ကစလို့ ၃ ရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။

ဒီညီလာခံမှာ အာဆီယံအဖွဲ့အတွက် မှတ်တိုင်သစ် တခုအဖြစ် လူ့အခွင့်အရေး ကော်မရှင်တရပ်ကို ပထမဆုံးအကြိမ် ဖွဲ့စည်းဖို့ ရှိပါတယ်။ ဒါပေမဲ့ ဒီ လူ့အခွင့်အရေး ကော်မရှင်ဟာ သြဇာအာဏာ မရှိတဲ့အတွက် မြန်မာလို လူ့အခွင့်အရေးအများဆုံး ချိုးဖောက်နေတဲ့ နိုင်ငံတွေက အခြေအနေတွေကို တိုးတက်ကောင်းမွန်လာအောင် ထိထိရောက်ရောက် စွမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လူထုအခြေပြု အဖွဲ့တွေက ထောက်ပြနေကြပါတယ်။

အထူးသဖြင့် TOR လို့ခေါ်တဲ့ လိုက်နာရန် ပြဌာန်းထားတဲ့ စည်းကမ်းချက်တွေ တင်းကျပ်မှု မရှိတာကြောင့် ဒီလူ့အခွင့်အရေး ကော်မရှင်သစ်နဲ့ ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေနဲ့ လူထုအခြေပြု အဖွဲ့တွေကြား အငြင်းပွားစရာ ဖြစ်နေတဲ့အကြောင်း RFA မှ ကိုကျော်ကျော်အောင်က စုစည်းတင်ပြထားပါတယ်။



TAG FROM ; http://www.rfa.org/burmese/news

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .