Home �
media
,
News
� ကိုရွှေဂျိုး ထောင်တွင်း၌ ကျန်းမာရေး ချို့ယွင်းနေ
Anonymous |
5:23 AM |

နိုင်ငံရေး အကျဉ်းသား မိသားစုများအား ငွေကြေးအကူအညီ အထောက်အပံ့များပေးခဲ့သူ ကိုရွှေဂျိုး ထောင်တွင်း၌ တွေးတိုးရောဂါနှင့် ကျောက်ကပ်ရောဂါ ခံစားနေရကြောင်း ကိုရွှေဂျိုး၏မိသားစုမှ ပြောပြသောကြောင့် သိရှိရသည်။ ကိုရွှေဂျိုးကိုပြီးခဲ့သည့် ၇-၃-၂ဝဝ၉ တွင် ရန်ကုန်တိုင်း သတင်းတပ်ဖွဲ့က နိုင်ငံရေး အကျဉ်းသား မိသားစုများအား ငွေကြေးအကူအညီပေးခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဖမ်းဆီးခဲ့သည်။ ပြီးခဲ့သည့် စတင်ဘာလ၌ ထောင်တွင်း အထူးတရားရုံးတွင် ပုဒ်မ ၁၇(၁)နှင့် ရုံးတင်စစ်ဆေးနေပြီး ရှေ့နေများနှင့် တိုင်ပင်ဆွေးနွေးခွင့် မရသေးကြောင်းလည်း ကြားသိရသည်။
ကိုရွှေဂျိုး၏ သွေးတိုးဝေဒနာသည် တနေ့နှင့်တနေ့ ပိုမိုခံစားနေရပြီး နှလုံးများကြပ်လာပြီး မကြာခဏ မူးဝေမှုခံစားနေရသည်။ အလားတတူ ကျောက်ကပ်ဝေဒနာပါ ခံစားနေရသဖြင့် ကိုရွှေဂျိုး၏ ကျန်းမာရေး အခြေအနေသည် အထူးစိုးရိမ်ရသည့် အခြေအနေဖြစ်သည်။ ၄င်းမှာ ထောင်တွင်း၌ ဆေးဝါးကုသမှု ညံ့ဖျင်းမှုကြောင့်နှင့် ကိုရွှေဂျိုး အမြဲသောက်နေသော ဆေးဝါးများကိုလည်း ထောင်ကခွင့်မပြုကြောင်းနှင့် ဆေးစာကိုလည်း ထောင်ဆရာဝန်က မရေးပေးကြောင်း ကြားသိရသည်။ ကိုရွှေဂျိုး၏ သမက်ဖြစ်သူ ကိုအောင်လှိုင်ဝင်း ၂ဝဝ၅ မေလ ( ၇ ) ရက်နေ့ကစစ်ကြောရေးစခန်းတွင် ရိုက်သတ်ခံရသည့် အမှုအား သမီးဖြစ်သူ မနှင်းစန္ဒာမှ တရားခံများအားဖော် ထုတ်ပေးဖို့ တရားရုံး၌ တိုင်ကြားထားသည်ကို ယခုထိ အမှုမှန်ကို မဖော်ထုတ်ပေးသေးပေ။
Category:
media,
News
About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .