ကိုမင်းကိုနိုင်အတွက် “မေ့လို့မဖြစ်တဲ့မင်းကိုနိုင်” ခေါင်းစဉ်ဖြင့် ဂျပန်နိုင်ငံတွင်ကျင်းပခဲ့

Anonymous | 1:33 AM |



ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် အသက် ၄၇ နှစ်ပြည့်ပြီဖြစ်တဲ့ ကျောင်းသားခေါင်းဆောင်မင်းကိုနိုင်၏ မွေးနေ့မင်္ဂလာအထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ အိခဲဘုခုရို(Ikebukuro)အရပ်ရှိ Kumin Center ၄ထပ် တွင် ကျင်းပပြုလုပ်ခဲ့ကြပါသည်။

ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ၄၇ နှစ်ပြည့် မွေးနေ့မင်္ဂလာအထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားကို “မေ့လို့မဖြစ်တဲ့မင်းကိုနိုင်” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြပြီး ကိုမင်းကိုနိုင်၏ အတ္ထုပ္ပတ္တိကိုဖတ်ကြားခြင်း၊ ကိုမင်းကိုနိုင်၏ မြန်မာ့ဒီမိုကရေစီအရေးအတွက် ကြိုးစားခဲ့မှုများနှင့် အမျိုးသားသင့်မြတ်ရေးအတွက် လုပ်ဆောင်မှုများအကြောင်းကို ရှင်းလင်းပြောကြားခြင်းများပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် တက်ရောက်လာသူတစ်ချို့ကလည်း ကိုမင်းကိုနိုင်အတွက် ဂုဏ်ပြုရေးစပ်ထားတဲ့ ကဗျာများ ရွတ်ဆိုခဲ့ကြကြောင်းလည်း သိရှိရပါသည်။

ရေးသားပေးပို့သူ-နန်းအိမွန်ချစ်(MTK)

Category:

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .