ယမုံနာမြစ်အလယ်တွင် ကံဆောင်သပိတ်ပွဲ အောင်မြင်စွာပြုလုပ်နိုင်ခဲ့

Anonymous | 2:23 AM |


ဖြိုးဝေ-mmp | သီတင်းကျွတ်လပြည့် (၁၅) ရက်နေ့၊ သံဃာပ၀ါရဏာပွဲနေ့တွင် မြန်မာနိုင်ငံ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ သံဃာတော်များနှင့်တကွ ပြည်ပနိုင်ငံ အသီးသီးရှိ သံဃာတော်များအားလုံး ပူးပေါင်း၍ စစ်အာဏာရှင်များအပေါ် သပိတ်မှောက်သည့် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်များ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါသည်။

အန္ဒိယနိုင်ငံအနေဖြင့် Old-ဒေလီ အရှေ့ပိုင်းရှိ ယမုံနာမြစ်တွင် သံဃာ ၇ ပါးဖြင့် သီတင်းကျွတ်လပြည့် (၁၅) ရက်နေ့ မွန်းလွဲ (၃)နာရီမှစတင်ကာ ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာ ရွတ်ဖတ်ပြီး သပိတ်မှောက်ကံဆောင်ခဲ့ ကြောင်းသိရသည်။

အဆိုပါ ကံဆောင်သပိတ်အား မြတ်စွာဘုရား၏ ဝိနည်းတော်နှင့်အညီ ပကတိပုရိသ ယောကျာင်္းတစ်ယောက်၏ ခဲတပစ်စာ ယမုံနာမြစ်အလည်တွင် သိမ်သမုတ်ပြီး ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာ ရွတ်ဖတ်ကာ သပိတ်မှောက် ကံဆောင်ခဲ့ကြပြီး ၄ နာရီတွင် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ကြောင်းသိရပါသည်။

ထို့နောက် သီတင်းကျွတ်မီးထွန်းပွဲကို အန္ဒိယနိုင်ငံအနေဖြင့် New-ဒေလီရှိ မြန်မာ့ရိပ်သာခန်းမ (BCRC)တွင် အန္ဒိယရောက် မြန်မာများ စုပေါင်းကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဓမ္မတွေပြန် အားကောင်းလာစေရန်နှင့် ဓမ္မလင်းရောင်ခြည် ပြန်သန်းလာစေရန်အတွက် သံဃာတော်များနှင့် ဒကာ၊ ဒကာမများမှ နေရာအနှံ့အပြားရှိ ဘုရားစေတီအမျိုးမျိုးတို့တွင်
၁။ နမော တဿ သုံးကြိမ်
၂။ သရဏဂုံသုံးပါး
၃။ ငါးပါးသီလ
၎။ မေတ္တာသုတ်
ကို တပြိုင်တည်း ၁၀ ပါး/ယောက်ဖြစ်စေ၊ အပါး/အယောက် ၂၀၊ ၃၀ ဖြင့်ဖြစ်စေ စသည်ဖြင့် စုပေါင်းကာ ရွတ်ပေးကြပါရန်နှင့် တရားထိုင်ခြင်းများကို ပြုလုပ်ပေးကြရန် မိန့်တော်မူသည်။ ၄င်းအား ပြည်တွင်း/ပြည်ပ နေရာ အသီးသီးတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

Category: ,

About Nhamngahanh: My name is Dinh Quang Huy . Known as Nhamngahanh .I'm administrator of SimplexDesign blog .This blog was opened for test .